ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်ပြည် ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ကုန်စည်ပြပွဲ၌ ပြသမည့်ကုန်ပစ္စည်းများနှင့် နည်းပညာသစ်များသည် ပထမအကြိမ် ပြပွဲ ထက်ပိုများကြောင်း၊ ဒုတိယအကြိမ် သွင်းကုန် ကုန်စည်ပြပွဲတွင် ၀န်ဆောင်မှု ကုန်သွယ်ရေး၊ မော်တော်ကား၊ နည်းပညာနေထိုင်မှု၊ ဆေးဝါးကုသရေး ကိရိယာ စက်ပစ္စည်းများ စသည့် ပြဇုန် ၇ ခုထားရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ခြင်းနှင့် လေဟာပြင်ပြဇုန်လည်း တိုးဖြည့်ထားရှိမည်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ထိုင်း-တရုတ်အနုပညာရှင်များအသင်းချုပ်၊ ထိုင်း-တရုတ်စီးပွားကုန်သွယ်ရေးကူးလူး ဖလှယ်မှုစင်တာကို ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ်၂၀ပြည့်အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ၂၆ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပခဲ့ကြောင်း၊
ဒေသစံတော်ချိန် အောက်တိုဘာလ၂၇ရက်နေ့က ယူနန်ပြည်နယ်မောင်စေ-ရန်ကုန် လေကြောင်းလိုင်း ချောမောစွာ ပျံသန်းခဲ့ကြောင်