မြန်မာဘာသာ

တောင်ကိုရီးယားသမ္မတ Moon Jae-in နှင့် အရွေးခံသမ္မတ Yoon Seok-youlတို့ ညစာ စားပွဲ ကျင်းပ

criPublished: 2022-03-29 16:11:53
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် ယခုလ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်က တောင်ကိုရီးယားသမ္မတ Moon Jae-inနှင့် အရွေးခံသမ္မတ Yoon Seok-youl တို့သည် Cheong Wa Dae ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အတူတူ ညစာစားခဲ့ကြသည်ဟု သတင်းအရ သိရသည်။

နှစ်ဦးနှစ်ဖက်တို့သည် ၂ နာရီ ၅၁ မိနစ်ခန့်ကြာ တွေ့ဆုံခဲ့ကြသည်။ သမ္မတရုံးကို ဆိုးလ်မြို့ Yongsan-gu ရပ်ကွက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံသို့ ပြောင်းရွှေ့ခြင်းကိစ္စနှင့် စပ်လျဉ်း၍ Moon Jae-in က ဘတ်ဂျက်ပြဿနာရေးရာများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုလိုက်ကြောင်း၊ လူများအာရုံစိုက်ကြသည့် သမ္မတဟောင်း Lee Myung-bak အား အထူးလွတ်ငြိမ်းချမ်းသာခွင့် ပေး မပေး ဆိုသည်ကို နှစ်ဖက်တို့က ဆွေးနွေးခြင်း မရှိခဲ့ကြောင်း တွေ့ဆုံပြီးနောက် Yoon Seok-youlမှ ထုတ်ပြန် သော သတင်းအရ သိရသည်။

ထို့ပြင် နှစ်ဦးနှစ်ဖက်တို့သည် ကပ်ရောဂါခုခံကာကွယ်ရေးနှင့် စီးပွားရေး နာလန်ပြန်ထူ စေရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြသည်ဟု သတင်းအရ သိရသည်။

Share this story on

Messenger Pinterest LinkedIn