မြန်မာဘာသာ

ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထည့်သွင်းစဉ်းစာ

criPublished: 2022-03-30 11:52:13
Share
Share this with Close
Messenger Pinterest LinkedIn

မတ်လ ၂၉ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ယူကရိန်းရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို စိစစ်ခဲ့သည်။ ယူကရိန်းတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အရပ်သားများ၏ အသက်လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ထိထိရောက်ရောက် အာမခံချက် ပေးသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ဒုကိုယ်စားလှယ် တိုက်ပင်းက ပြောကြားသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လိုက်နာရန်၊ အရပ်သားများ ထိခိုက်သေဆုံးမှုများကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ အရပ်သား အဆောက်အဦများ ဘေးကင်းရေးကို ကာကွယ်ရန်၊ ဝန်ထမ်းကို ရွှေ့ပြောင်းပေးဖို့နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ဖို့ ဘေးကင်းလုံခြုံသော လမ်းကြောင်းများ စီစဉ်ပေးရန်နှင့် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးများနှင့် အခြား အခြေခံ နေ့စဉ်သုံး ပစ္စည်းများ ဆက်တိုက်ထောက်ပံ့ရေး အာမခံချက်ပေးရန်၊ အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်များ အပါအဝင် ထိခိုက်လွယ်သော အုပ်စုများကို ကာကွယ်ပေးရန် တရုတ်နိုင်ငံမှ ပန်ကြားလိုက်သည်။

Share this story on

Messenger Pinterest LinkedIn