မြန်မာဘာသာ

အာဆီယံ ၄ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏တရုတ်ခရီးစဉ်သည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကမ်းလှမ်းချက်ကိုအိမ်နီးချင်းဒေသအတွင်း ဦးစွာ ဖေါ်ဆောင်ရန် တွန်းအားပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

criPublished: 2022-03-29 10:58:39
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့်မြန်မာ ၄ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ တရုတ်နိုင်ငံသို့ အသီးသီး ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယခုလ ၂၈ ရက်နေ့က ပီကင်းမြို့တွင် ကြေညာခဲ့ပါသည်။

ဝမ်ဝင်ပင်က အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံ ၄ နိုင်ငံတို့သည် အာဆီယံ၏ အရေးကြီးသော အဖွဲ့ဝင်နိုင်ငံများ ဖြစ်ပြီး တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်းနှင့် “Belt and Road”ကို အရည်အသွေးမြင့်မားစွာ လက်တွဲတည်ဆောက်ရေး အရေးကြီး မိတ်ဖက်များ ဖြစ်ကြောင်း၊ ၄ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတို့၏ တရုတ်ခရီးစဉ်သည် တရုတ်နှင့် အာဆီယံ အိမ်နီးချင်းနိုင်ငံများ အကြား ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို ထပ်မံ ပြသပြီး ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်းချက်ကို အိမ်နီးချင်းဒေသအတွင်း ဦးစွာ ဖေါ်ဆောင်ရန် တွန်းအားပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Share this story on

Messenger Pinterest LinkedIn