မြန်မာဘာသာ

အာဆီယံ မြန်မာရေးရာ အထူးသံတမန်သစ်သည် မြန်မာနိုင်ငံ၌ ခရီးလှည့်လည်၊မြန်မာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် တွေ့ဆုံ

criPublished: 2022-03-21 19:43:51
Share
Share this with Close
Messenger Pinterest LinkedIn

အာဆီယံ မြန်မာရေးရာ အထူးသံတမန်သစ်၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး ဘရပ်စော်ကုန်သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပါသည်။ ယင်းသည် အာဆီယံ မြန်မာရေးရာ အထူးသံတမန်သစ် ဖြစ်သည့် ဘရပ်စော်ကုန်၏ ပထမဆုံးအကြိမ် မြန်မာ ခရီးစဉ် ဖြစ်ပြီး မြန်မာနိုင်ငံ၌ သုံးရက်ကြာ ခရီးလှည့်လည်မည်ဟု သတင်းရရှိပါသည်။

မြန်မာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းအရ၊ မြန်မာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အထူးသံတမန် ဘရပ်စော်ကုန်တို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး၊ ၂၀၁၀ ပြည့်နှစ်မှစပြီး မြန်မာနိုင်ငံ၏ ပါတီစုံ စနစ် ဒီမိုကရေစီ လမ်းကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံစနစ် ရွေးကောက်ပွဲ၊ မြန်မာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရေး အခြေအနေ စသဖြင့်ကို ဆွေနွေးခဲ့ကြပါသည်။ ထို့ပြင် နှစ်ဦးနှစ်ဖက်တို့သည် အာဆီယံ သဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖေါ်ဆောင်ခြင်း၊ မြန်မာ ပြည်သူများအား လူသားချင်း စာနာထောက်ထားရေး ထောက်ပံ့ကူညီမှုပေးခြင်း၊အာဆီယံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း စသည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိပါသည်။

Share this story on

Messenger Pinterest LinkedIn