မြန်မာဘာသာ

အာဖဂန် အိမ်နီးချင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖြင့် အိမ်နီးချင်းနိုင်ငံများအကြားပိုမိုများပြားသော သဘောတူညီမှု ရရှိနိုင်ရန် တရုတ် မျှော်လင့်

criPublished: 2022-03-29 14:00:19
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က မတ်လ ၂၈ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ တရုတ်နိုင်ငံ အန်ဟွေးပြည်နယ် ထွင်ရှီးတွင် တတိယအကြိမ်မြောက် အာဖဂန် အိမ်နီးချင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကြီးမှူးကျင်းပမည်ဖြစ်ပြီး ပါကစ္စတန်၊ အီရန်၊ ရုရှား၊ တာဂျစ်ကစ္စတန်၊ တာ့မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန် နိုင်ငံ ၆နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟုChina Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ဝင်ပင်က လက်ရှိအချိန်တွင် အာဖဂန် အခြေအနေသည် သော့ချက်ကျသော အချိန်ကာလတွင် ရှိနေ၍ အာဖဂန် ပြည်သူများသည် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကာ အခြားနိုင်ငံများမှ ပိုမိုများပြားသော ကူညီအားပေးခြင်းကို လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn