မြန်မာဘာသာ

မလေးရှားနယ်စပ်ဒေသကို ပြန်လည်ဖွင့်လှစ်မည်၊ မလက်ကာဒေသခံပြည်သူများ ခရီးသွားလာရေးလုပ်ငန်း နာလန်ပြန်ထူရန် မျှော်လင့်

criPublished: 2022-03-23 11:44:21
Share
Share this with Close
Messenger Pinterest LinkedIn

မလက်ကာရေလက်ကြားကမ်းနားတွင် တည်ရှိသော မလေးရှားနိုင်ငံ မလက်ကာ မြို့ဟောင်းသည် ၂၀၀၈ ခုနှစ်က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပြီး ခရီးသွားလာရေးလုပ်ငန်းသည် ဒေသခံကျောရိုးမဏ္ဍိုင်လုပ်ငန်းများတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ မလေးရှားအစိုးရသည် နိုင်ငံခြားခရီးသည်များအား နယ်စပ်ဒေသကို ဧပြီလ ၁ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ရန် ကြေညာပြီးနောက် မလက်ကာဒေသခံပြည်သူများသည် ခရီးသွားလာရေးလုပ်ငန်း နာလန်ပြန်ထူရန် မျှော်လင့်နေကြပါသည်။

ခရီးသွားလာရေးလုပ်ငန်းသည် မလေးရှားနိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီး သော အဓိပ္ပါယ်ရှိပါသည်။ မလေးရှားနိုင်ငံ စာရင်းအင်းဌာနမှ ထုတ်ပြန်သော စာရင်းအရ ၂၀၁၉ ခုနှစ်က ခရီးသွားလာရေးလုပ်ငန်းသည် မလေးရှားနိုင်ငံပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းတန်ဖိုး(GDP)၏ ၁၅.၉ ရာခိုင်နှုန်း ပါဝင်ပါသည်။ မလေးရှားအစိုးရက ယခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခဲ့သော နိုင်ငံခြားခရီးသည်များသည် ပြည်ဝင်လျှင် Quarantine မလိုဘဲ ခရီးမထွက်မီကနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိသည့် အခါတွင် Covid-19 Nucleic Acid PCR Test လုပ်ရန် လိုကြောင်း မကြာမီက ကြေညာခဲ့ ပါသည်။

Share this story on

Messenger Pinterest LinkedIn