မြန်မာဘာသာ

ဆာဗာဒိုသည် အရေးပေါ် အခြေအနေသို့ ဝင်ရောက်

criPublished: 2022-03-28 15:48:49
Share
Share this with Close
Messenger Pinterest LinkedIn

ဆာဗာဒို နိုင်ငံသည် ငြိမ်ဝပ်ပိပြားမှု ဆိုးရွားလာခြင်းကို ရင်ဆိုင်ရန် အတွက် ယခုလ ၂၇ရက်နေ့က ရက်ပေါင်း ၃၀ကြာမည့် အရေးပေါ် အခြေအနေသို့ ဝင်ရောက်သည်။ ဆာဗာဒိုသမ္မတBukeleက လက်ရှိအချိန်၌ လူမှုရေးစည်းစနစ် ဆိုးရွားစွာ ရှုပ်ထွေးနေသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိနိုင်ငံသည် အရေးပေါ် အခြေအနေသို့ ဝင်ရောက်ရန် တောင်းဆိုပြီး အမျိုးသားလွှတ်တော်ထံသို့ ခွင့်ပြုချက် ရရှိရန် တင်ပြခဲ့ကြောင်း၂၆ရက်နေ့ညက ဆိုရှယ်မီဒီယာတွင် ဖော်ပြသည်။

မကြာခင် ရက်များတွင် ဆာဗာဒိုနိုင်ငံတွင် ဂိုဏ်းအဖွဲ့ အကြမ်းဖက်မှုနှင့် ပတ်သက်သော ငြိမ်ဝပ်ပိပြားမှုကို ဖျက်ဆီးသည့် ပြစ်မှုကျူးလွန်မှု တစ်ရှိန်ထိုး တိုးလာခဲ့ကြောင်း၊ ယခုလ ၂၆ရက်နေ့က ဂိုဏ်းအဖွဲ့ အကြမ်းဖက်မှုများတွင် လူ ၆၂ဦး သေဆုံးခဲ့ရကြောင်း ရဲဘက်မှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

Share this story on

Messenger Pinterest LinkedIn