မြန်မာဘာသာ

ဆောင်းရာသီမသန်စွမ်းသူများအိုလံပစ်ပြိုင်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီ

criPublished: 2022-03-14 16:56:20
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က သန်စွမ်းသူသည် သာယာသည့်ဘဝကို ရရှိနိုင်သလို မသန်စွမ်းသူများသည်လည်း သာယာသည့် ဘဝကိုရရှိနိုင်သည်ဟု ပြောကြားခဲ့ဖူးသည်။ ယင်းသို့သော စကားနှင့်အညီ တရုတ်နိုင်ငံအနှံ့တွင် လွန်ခဲ့သည့်ခြောက်နှစ်ကတည်းကပင် မသန်စွမ်းသူများအတွက် ဘေးအန္တရာယ် ကင်းသည့် ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် ဘေးကင်း လုံခြုံသည့် ပတ်ဝန်းကျင်တည်ဆောက်ရေးကို အထူးအလေးပေးအကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ဘေကျင်းရှိ လမ်းမကြီးများတွင်၎င်း၊ တခြားပြည်နယ်များရှိ လမ်းများ တွင်၎င်း မသန်စွမ်းသူများအတွက် အခက်အခဲမရှိရအောင် ၀ှီးချဲရပ်နိုင်သည့်နေရာ၊ ၀ှီးချဲ သွားလာနိုင်သည့် လမ်းများ၊ မျက်မမြင်များ သွားလာနိုင်သည့်လမ်းများကို တစ်နိုင်ငံလုံးနီးပါး ဖော်ဆောင်ပေးခြင်းများအပြင် စီးတီးမတ်များတွင်လည်း မသန်စွမ်းသူများ အလွယ်တကူ ၀င်ထွက် သွားလာနိုင်သည့် လမ်းများကို ပြင်ဆင်ပေးထား နိုင်ခဲ့သည်။ ထို့အပြင် လေဆိပ်များ၊ပန်းခြံများ၊ ရထားတွဲများတွင်လည်း မသန်စွမ်းသူများ အသုံးပြုနိုင်သည့် လမ်းကြောင်းများ၊ အိမ်သာများ၊ အသုံးအဆောင်များကိုလည်း ထည့်သွင်း တပ်ဆင်ပေးထားသေးသည်။ အထူးသဖြင့် ဘေကျင်းတွင် ဆောင်းရာသီအိုလံပစ်နှင့် ဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ်အားကစားပွဲတော်များကို အခွင့်ကောင်းယူပြီး အိုလံပစ်ဆိုင်ရာ နေရာ(၁၀၈)ခုနှင့် အနီးတဝိုက်ရပ်ကွက်များတွင် မြို့ပြကို အတားအဆီး ပိုမိုကင်းမဲ့စေရန်နှင့် ပိုမိုအဆင်ပြေစေရန် ကြိုးပမ်းတည်ဆောက်ထားသည်များကို ပိုပြီး တွေ့မိသည်။ အဓိကအားဖြင့် ဆောင်းရာသီအိုလံပစ် မသန်စွမ်းပြိုင်ကွင်း(၈)ခုနှင့် ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်ရွာထဲတွင် အတားအဆီး အလုံးစုံ ကင်းမဲ့စေဖို့ ရည်ရွယ်ချက် ကောင်းကောင်းဖြင့် အကောင်အထည်ဖော်ခဲ့သည်က အတုယူစရာ ကောင်းသည်။

首页上一页1234全文 4 下一页

Share this story on

Messenger Pinterest LinkedIn