မြန်မာဘာသာ

ဆောင်းရာသီမသန်စွမ်းသူများအိုလံပစ်ပြိုင်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီ

criPublished: 2022-03-14 16:56:20
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်မသန်စွမ်းအားကစားအဖွဲ့၏ ပြိုင်ပွဲအခြေအနေကို အကျဉ်းချုပ်တင်ပြရလျှင် မတ်လ ၅ ရက်နေ့ပြိုင်ပွဲ winter biathlon အမျိုးသား ၆ ကီလိုမီတာ (ထိုင်အနေအထား)ပြိုင်ပွဲစဉ်တွင် တရုတ်အားကစားသမား လျူဇီရွှိသည် တရုတ်နိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူး ပေးခဲ့ပြီး တရုတ်အားကစားသမား လျူမန့်ထောင်းသည် ကြေးတံဆိပ်ကို ဆွတ်ခူးရယူ ပေးနိုင် ခဲ့သည်။

ပြိုင်ပွဲကာလတစ်လျှောက် မတ်လ ၆ ရက်နေ့ ဒုတိယနေ့ ပြိုင်ပွဲရက်သည် တရုတ်မသန်စွမ်း အားကစားသမားများအတွက် မမေ့နိုင်သော အမှတ်တရထူးရရှိသည့်နေ့တစ်နေ့ဟု ဆိုရမည် ဖြစ်သည်။ ထိုနေ့တွင် တရုတ်မသန်စွမ်းအားကစားသမားများသည် နာရီအနည်းငယ်အတွင်း ဆုတံဆိပ် ၈ ခုကို ဆက်တိုက် ဆွတ်ခူးခဲ့သည့် အောင်မြင်မှုကိုရရှိခဲ့သည်။ ဆုတံဆိပ် ၈ ခုထဲမှ ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့သည့် ယူနန်အားကစားသမားရန်ဟုန်ချုံသည် လမ်းကြမ်းနှင်းလျှောစီး အမျိုးသမီးတာဝေး (ထိုင်အနေအထား)ပြိုင်ပွဲတွင် (၄၃)မိနစ် (၆.၇)စက္ကန့်ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့မှ ယခုအကြိမ်ဆောင်းရာသီ မသန်စွမ်း အိုလံပစ်ပွဲတွင်ရရှိသော (၅)ခုမြောက် ရွှေတံဆိပ်ဆုဖြစ်ခဲ့သည်။ ယူနန်အားကစားသမားမှရရှိသော ပထမဆုံးသော ဆောင်းရာသီမသန်စွမ်းအိုလံပစ်ရွှေတံဆိပ်ဆုလည်း ဖြစ်သည်။

၇ ရက်နေ့ပြိုင်ပွဲတွင်လည်း ဝှီးချဲစီးပြီးယှဉ်ပြိုင်ရသည့် curling ယှဉ်ပြိုင်မှုတွင် တရုတ် မသန်စွမ်းအားကစားအသင်းသည် ၉ မှတ် ၄ မှတ်ဖြင့် တောင်ကိုရီးယားအသင်းအား အမှတ် အပြတ် အသတ်ဖြင့် အနိုင်ရခဲ့ပြန်သည်။

首页上一页1234全文 4 下一页

Share this story on

Messenger Pinterest LinkedIn