ကျွန်တော်သိသော တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး
ဤဆယ်စုနှစ်များသည် တရုတ်နိုင်ငံ၏ ခေတ်နောက် ကျကျန်နေသော ခရိုင်များ ကျေးလက်ဒေသခံများအတွက် အခြေခံဘေးကင်းလုံခြုံရေးအစီအမံပိုက်ကွန်တစ်ခု ဖန်တီးခြင်းအပါအဝင် တရုတ် နိုင်ငံ၏ လူမှုစီးပွားမူဝါဒများ တိုး ချဲ့ ဆောင်ရွက်လာသည်ကို တွေ့မြင်ခဲ့ရသည်။ နောက်ဆုံးဆယ်စုနှစ်များ အတွင်း ဤလူမှုရေးမူဝါဒများ ကျယ်ပြန့်လာကာ လွန်ခဲ့သည့်ငါးနှစ်အတွင်း ပစ်မှတ်ထားသော ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လှုပ်ရှားမှုတွင် အဆုံးအဖြတ်ပေးခဲ့သည်။ မိမိဖတ်ဖူးသော မစ္စတာရှီကျင်းဖျင်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှုအတွဲ (၂) ကို သတိရသည်။ ဘေကျင်း၊ တီယန်ကျင်း၊ ဟာဘေးနှင့် ယန်စီမြစ် တစ်လျှောက်ကို ချိတ်ဆက်မည့် စီးပွားရေးခါးပတ်ဖြစ်သည်။ ယန်စီမြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး သည် တရုတ်အစိုးရအတွက် အမျိုးသားရေး မဟာဗျူဟာဖြစ်သည်။ ယန်စီမြစ် ဖြတ်ကူးသည့် ပထမဆုံးတံတားကို ဆိုဗီယက်ထံက အကူအညီဖြင့် ၁၉၅၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ တရုတ်ပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်စပ်ပေးသည့် တံတားဖြစ်သည်။ ယခုအခါတွင် တော့ ယန်စီမြစ်တစ်ကြောတွင် မြစ်ကူးတံတားတွေ မှိုလိုပေါက်နေပြီဖြစ်သည်။ လမ်းပန်းဆက်သွယ် ရေးသည်ဆင်းရဲမှုပ ပျောက် ရေး အတွက်အ ရေးကြီး သောအချက်တစ်ခုဖြစ်သည်။ခေတ်မီအ ဝေးပြေးလမ်းကို ၁၉၁၃ကစ၍တည် ဆောက်ခဲ့ကြသည် ၁၉၇၈တွင်တိန့်ရှောင်ဖိန်က စီးပွားရေးတခါးဖွင့်ဝါ ဒကို စတင် သောအခါ အ ဝေးပြေးလမ်းများသည် အဓိကကြလာသည်။ရှန်ယန်နှင့် ဒါလီယန်သွားအ ဝေးပြေးလမ်းအား၁၉၈၄တွင်ဖွင့်လှစ်ခဲ့သည်။ ဘေကျင်း ကျန်ကျင်-တန်ရူအ ဝေး ပြေးလမ်းကို၁၉၈၇တွင်ဖွင့်လှစ်ရာ ပထမဆုံးအ ဆင့်မြင့်လမ်းမကြီးဖြစ်ခဲ့သည်။၁၉၉၂ နှစ်မှစ၍အမြန်လမ်းမများ စွာတည် ဆောက်ခဲ့သည်။မြို့ကြီးများနှင့်မြို့ငယ်အားလုံးနီးပါးကိုဆက်သွယ် ပေးနိုင်ပြီဖြစ်သည်။