မြန်မာဘာသာ

ကျွန်တော်သိသော တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး

criPublished: 2022-02-27 19:27:23
Share
Share this with Close
Messenger Pinterest LinkedIn

ဒေါက်တာသန်းဇော်ဦး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်၊ တရုတ်သမ္မတ ရှီကျင်းဖျင် က တရုတ်ပြည်သည် ဆင်းရဲမွဲတေမှုပပျောက်ကြောင်း ကြေညာခဲ့သည်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် ရှီ၏ အအောင်မြင်ဆုံး အမျိုးသားမူဝါဒများထဲမှ တစ်ခုဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် အာဏာရလာချိန် မှစ၍ တရုတ်နိုင်ငံသည် ၎င်း၏ကျေးလက်လူဦးရေ သန်း ၁၀၀ ကျော်ကို ဆင်းရဲတွင်းမှ ဖယ်ရှားခဲ့သည်။ ရှီက ၎င်းစီမံချက်ကို "ပြီးပြည့်စုံသောအောင်ပွဲ"၊ "လူသားထုအတွက် အံ့ဖွယ် အမှုများ" နှင့် ကမ္ဘာကို တရုတ်၏ ကြီးမားသောပံ့ပိုးကူညီမှုဟု ခေါ်ဆိုခဲ့သည်။ တရုတ်ကွန်မြူနစ် ပါတီ၏ ဦးဆောင်မှုအပေါ် ကြီးမားသော အောင်မြင်မှုအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ယင်း အောင်မြင်မှုသည် တရုတ်ကွန်မြူနစ်ပါတီနိုင်ငံတော် နိုင်ငံရေးစနစ်၏ “အဖွဲ့အစည်းဆိုင်ရာ အားသာချက်” မရှိဘဲ ယင်းအောင်မြင်မှုသည် မဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

ဆင်းရဲမွဲတေမှုပပျောက်ရေးစီမံကိန်းကို ၂၀၁၅ ခုနှစ် တွင် စတင်ခဲ့ပြီး ကတည်းက တရုတ်အစိုးရသည် ဆင်းရဲမွဲတေမှုအဆုံးသတ်ရန် ဒေါ်လာ ၈၀ ဘီလီယံကျော်သုံးစွဲခဲ့သည်။ အစိုးရသည် ဝေးလံခေါင်သီသော ကျေးလက်ဒေသများမှ သန်းပေါင်းများစွာသော အိမ်ထောင်စု များကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမိုသင့်လျော်သော ကျေးရွာသစ်များသို့ ရွှေ့ပြောင်း ပေးခဲ့ပါသည်။ လမ်းသစ်များ၊ အိမ်များ၊ နှင့်တိုက်ရိုက်ငွေသားလွှဲပြောင်းကမ်းလှမ်းခဲ့သည်။

တရုတ်နိုင်ငံအစိုးရသည် မည်သည့်အိမ်ထောင်စုများ ဆင်းရဲနွမ်းပါးနေကြောင်း ဆုံးဖြတ်ရန် ကျေးလက်မိသားစုအားလုံးကို စစ်တမ်းကောက်ယူရန် ကေဒါ ၇၇၅,၀၀၀ ကျော်ကို စေလွှတ်ခဲ့ သည်။ ထို့နောက် အစိုးရက ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုတစ်ခုစီအား ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်းစဉ်ကို စောင့်ကြည့်ရန်ကေဒါတစ်ဦးနှင့် တွဲထားသည်။ သာမန်ပြည်သူ အများအပြားသည် ကျေးလက်အိမ်ထောင်စုများသို့ ငွေကြေးနှင့် ကုန်ပစ္စည်းများ လှူဒါန်းကာ လယ်သမားများ၏ ထွက်ကုန်များ ရောင်းချနိုင်ရန် ကူညီပေးခြင်းဖြင့် လှုပ်ရှားမှုတွင် ပါဝင်လာ ကြသည်။ ၎င်းစီမံကိန်းသည် မော်ဝါဒီနည်းလမ်းဟောင်းအချို့ကိုပင် ပြန်လည်အသက်သွင်းခဲ့ သည်၊ ဥပမာ- ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား ကျေးလက်ဒေသများသို့ ပြည်သူလူထု ကျန်းမာရေးအတွက် စေလွတ် ခဲ့သည်။ တရုတ်ပြည်သို့ ခရီးစဉ်တစ်ခုတွင် ယူနန်ပြည်နယ် ကူမင်းမြို့တွင်ရှိသည့် Qituchang village သို့ သွားရောက်လည်ပတ်ရန် အခွင့်အရေးရခဲ့သည်။ တို့ဖူးထုတ်လုပ်သည့်စံပြကျေးရွာဖြစ်သည်။ရွာထဲတွင် တိုဖူးထုတ်လုပ် သည့် သမိုင်းကိုပြသထား သည်.ပြတိုက်ငယ်တခုရှိသည်၊လမ်း၊ရေ၊မီးတို့ပြည့်စုံသည်။နေ့ပိုင်းသက်ကြီးရွယ်အိုစောင့်ရှောက် ပေးသည့်ဂေဟာတခုရှိသည်။

1234...全文 6 下一页

Share this story on

Messenger Pinterest LinkedIn