ကျွန်တော်သိသော တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး
၁၉၈၀ ခုနှစ်ကတည်းက တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အောင်မြင်မှုသည် အဓိကအားဖြင့် စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်မှု၏ ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်သည်။ ပထမ ဆယ်စုနှစ်တွင် လယ်ယာကဏ္ဍတွင် ဝင်ငွေများ လျင်မြန်စွာ တိုးလာခဲ့သည်။ ဒုတိယဆယ်စုနှစ် တွင် ပြုပြင်ပြောင်းလဲမှုများ ကျယ်ပြန့်နက်ရှိုင်းလာသည်နှင့်အမျှ စက်မှုလုပ်ငန်းသည် မြို့ပြနှင့် ကျေးလက်ဒေသများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ တတိယဆယ်စုနှစ်များအတွင်း၊ တရုတ်နိုင်ငံ၏ ပို့ကုန်ကို ဦးတည်သော ကမ်းရိုးတန်းဒေသများ၏ သွက်လက်တက်ကြွမှုများသည် မြို့ပြများဆီသို့ အရှိန်အဟုန်ဖြင့် ရွှေ့ပြောင်းလာခြင်းကြောင့် ကုန်းတွင်းပိုင်း၌ အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာခဲ့သည်။တရုတ်အစိုးရ၏ မဟာဗျူ ဟာတွေးခေါ်ရှင်များအတွက် ချမ်းသာဆင်းရဲကွာခြားမှုမြင့်မားသော အ ရှေ့ဘက်ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းကွာဟမှုတို့ကို ကျဉ်းမြောင်းအောင်လုပ် ပေးရေးသည်ထိပ်ဆုံးဦးစားပေးအဆင့်ဖြစ်သည်။အ နောက် တောင် ဒေသများ၏ ဆင်းရဲနွမ်းပါးမှုသည် ပင်လယ်မှ ဝေးကွာခြင်းနှင့်နိုင်ငံတကာကုန်သွယ်မှု လမ်းကြောင်းမရှိခြင်းတို့ ကြောင့်ဖြစ်သည်ကိုတွေ့ရသည်။နိုင်ငံတကာရင်းနှီးမြုပ်နှံမှု၏ ၉၀ရာခိုင်နူန်းသည် ကမ်းရိုးတန်းဒေသများသို့သာဦးတည် နေသည်။ပင်လယ်ကမ်းရိုးတန်း ဒေသများနှင့် ကုန်းတွင်းပိုင်းဒေသများကွဲပြားခြားနားနေမှုကိုဖြေရှင်းရန်တရုတ်ပြည်၏ အ နောက်ဘက်ဖွံဖြိုးရေးမဟာဗျူဟာကို ၁၉၉၉ခုနှစ်တွင်စတင်လုပ် ဆောင်ခဲ့သည်။