လန်ချန်း-မဲခေါင် ယဉ်ကျေးမှုတွေဟာ နှလုံးသားထဲ စိမ့်ဝင် ရင်းနှီး နွေးထွေးလာပြီ
မဲခေါင်စာပေဆုရရှိခဲ့တဲ့ စာရေးဆရာတစ်ယောက်အနေနဲ့ စာပေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် စာပေလေ့လာလိုက်စားဖတ်ရှုမှု အားနည်းတဲ့ နိုင်ငံတွေမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေးနဲ့ ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရားတွေ အဖက်ဖက်က ယိုယွင်း နိမ့်ကျ လာတတ်ပါတယ်။ အဲဒီလို ယဉ်ကျေးမှုနိမ့်ကျလာတာနဲ့အမျှ ရိုင်းစိုင်းရန်လိုပြီး အမုန်းမီးတွေ တောက်လောင်နေတတ်ပါတယ်။ ဒါကြောင့် လူငယ်တွေ"စာဖတ်ပါ၊ စာဖတ်ပါ၊ စာဖတ်ပါ"လို့ တိုက်တွန်းရင်း စာကြည့်တိုက်တွေကို အလောသုံးဆယ်ဖွင့်ပေးဖို့ ကြိုးစားနေပါတယ်။ ကျေးဇူး တင်ပါတယ်။