မြန်မာဘာသာ

မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို တရုတ်-မြန်မာ ပူးတွဲကျင်းပ

criPublished: 2021-09-04 12:29:14
Share
Share this with Close
Messenger Pinterest LinkedIn

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi တို့က တရုတ်နိုင်ငံမှ အာဆီယံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထောက်ခံအားပေးမှုနှင့် ကူညီမှုများကို ချီးကျူးခဲ့ပြီး တရုတ်နိုင်ငံက “အာဆီယံ Pledging Conference” ကို တက်တက်ကြွကြွတုံ့ပြန်၍ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီများ ပေးအပ်သည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါဆောင်ရွက်မှုသည် မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် မြန်မာပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အထောက်အကူဖြစ်စေကြောင်း၊ မြန်မာနိုင်ငံသည် အဆိုပါ Vaccine နှင့် ပစ္စည်းများကို ကောင်းမွန်စွာ အသုံးပြု၍ တရုတ်နိုင်ငံနှင့်အတူ နယ်စပ်ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေး အပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဖော်ဆောင်ပြီး မြန်မာ-တရုတ် ကဏ္ဍစုံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

တရုတ်နိုင်ငံက ယခုအကြိမ် မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့မှုတွင် တရုတ် Sinopharm ကိုဗစ်-၁၉ Vaccine နောက်ထပ် အလုံးရေ ၁ သန်း နှင့် တရုတ်ယွမ်ငွေ သန်း ၂၀ တန်ဖိုးရှိ အောက်ဆီဂျင်စက်၊ ကာကွယ်ရေးဝတ်စုံ၊ Test Kit စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း၌ သီးသန့် အသုံးပြုမည်ဖြစ်ကာ အသေးစိတ်ကို ယူနန်ပြည်နယ်မှ တာဝန်ယူ ဖော်ဆောင်မည်ဖြစ်သည်။ တရုတ်နိုင်ငံက အထက်ပါ Vaccine နှင့် ပစ္စည်းများကို အသုတ်ခွဲ၍ မြန်မာနိုင်ငံ မူဆယ်၊ မြစ်ကြီးနား၊ ကိုးကန့် စသည့်ဒေသများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ မြန်မာနိုင်ငံသို့ စေလွှတ်ကာ Vaccine ထိုးနှံရေး စသည့်လုပ်ငန်းများကို လမ်းညွှန်ပြသလျက်ရှိပါသည်။

首页上一页123 3

Share this story on

Messenger Pinterest LinkedIn