မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ Vaccine နှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို တရုတ်-မြန်မာ ပူးတွဲကျင်းပ
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာကတည်းက တရုတ်-မြန်မာနှစ်နိုင်ငံသည် အပြန်အလှန်ဖေးမကူညီ၍ အခက်အခဲများကို အတူကျော်လွှားခဲ့ကာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု စံနမူနာသစ်ကို ဖော်ဆောင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး စာမျက်နှာသစ် ရေးသားနိုင်ခဲ့ရာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် တိုတောင်းလှသည့် ၁၅ ရက်အတွင်း နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi “အာဆီယံ Pledging Conference” ၌ ကြေညာခဲ့သည့် အကူအညီပေးအပ်မှု ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ရာ တရုတ်နိုင်ငံမှ တရုတ်-မြန်မာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံ၏အခန်းကဏ္ဍအပေါ် အလေးထားသည်ကို အပြည့်အဝ ထင်ဟပ်နေကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ယခုအကြိမ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သည့်ပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် ဆက်လက်ကူညီပေးမည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာနယ်စပ် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေးကို ဆက်တိုက်တွန်းအားပေးဆောင်ရွက်၍ တရုတ်-မြန်မာ ပြည်သူများ အသက်နှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးကာ နှစ်နိုင်ငံ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အားဖြည့်ပေးမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက် အတူတကွကြိုးပမ်းမှုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံအားပေးမှုဖြင့် မြန်မာနိုင်ငံမှ ကပ်ရောဂါကို ဆောလျင်စွာ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။
ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Ms. Li Malin က မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သည့်ပစ္စည်းများ စတင်ပို့ဆောင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ထိုကူညီမှုတွင် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ နက်ရှိုင်းသော သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးမှုတို့ ပါဝင်နေကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ အပြန်အလှန်ဖေးမကူညီသော၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွားသော အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်နေကြောင်း၊ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံဗဟိုအစိုးရ၏ စုစည်း စီမံခန့်ခွဲမှုနှင့်အညီ မိမိ၏ အားသာချက်ကို တက်တက်ကြွကြွဖော်ထုတ်ကာ မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးကို ဆက်လက်ထောက်ခံအားပေးပြီး တရုတ်-မြန်မာ နယ်စပ်ဒေသရှိ နှစ်နိုင်ငံပြည်သူများ၏ အသက်လုံခြုံရေးနှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အကျိုးဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။