ယနေ့ခေတ်… ရှီးဇန့် (သို့မဟုတ်) တိဘက် အပိုင်း-၂
ရှီးဇန့်ကို ကျွန်မရောက်ရှိစဉ်ကာလမှာ ဇန့်လူမျိုးရွာတစ်ရွာကို သွားရောက်လေ့လာခွင့်လည်း ရခဲ့ပါတယ်။ အဲ့ဒီရွာဟာ အရင်ကဆင်းရဲခဲ့တဲ့ ရွာကလေးဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ခရီးသွားလုပ်ငန်းနဲ့ ဆင်းရဲမှုပပျောက် ခဲ့ပြီလို့သိရပါတယ်။ ရွာကလေးရဲ့အနီးမှာ လေဆိပ်ဆောက်နေပြီဖြစ်ပြီး လေဆိပ်ဆောက်ပြီးသွားရင် သူတို့ရွာကို ခရီးသွားတွေ ပိုမိုလာရောက်ဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။ ဒါနဲ့ရှီးဇန့်မှာရှိကြတဲ့ ရှီးဇန့်ကျေးလက် ဒေသခံများရဲ့ နှစ်စဉ်ပျမ်းမျှ တစ်ဦးချင်းဝင်ငွေကို စုံစမ်းကြည့်လိုက်တော့ မူလက ၅၆၉၈ ယွမ်ရရာကနေ အခုအခါ လူတစ်ဦးအနေနဲ့ ၁၄၅၉၈ ယွမ် အထိတိုးရလာပြီး ဝင်ငွေ ၁၂.၅ရာခိုင်နှုန်း တိုးလာပြီဖြစ်တယ်လို့ သိရပါတယ်။ ဝင်ငွေ ၁၄၅၉၈ ယွမ်ရတယ်ဆိုရင် မြန်မာငွေနဲ့တွက်ရင် သိန်းနှစ်ဆယ်ကျော် ဝင်ငွေရှိတာမို့ လုပ်ခလစာဝင်ငွေက အားရစရာကြီးလို့ ဆိုရပါမယ်။ ဒါ့ကြောင့်လည်း ရှီးဇန့်ကျေးလက်ဒေသမှာ ဆင်းရဲသူဦးရေ တဖြည်းဖြည်း လျော့နည်းလာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ ဆင်းရဲမှုပပျောက်ရေး ဆောင်ရွက်ချက်မှာ အသင့်အတင့်ချမ်းသာတဲ့ လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည်ဆောက်ရေးဟာ အတော့်ကိုခရီးရောက်နေပြီလို့ ကောက်ချက်ချလို့ရပါတယ်။ သမ္မတရှီကျင့်ဖျင် အမြဲပြောနေကြစကားဖြစ်တဲ့ “ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်ယောက်မှ နောက်ကျမကျန်ခဲ့စေဖူး” ဆိုတဲ့စကားက ဒီလိုရလဒ်မျိုးကို သက်သေထူတယ်လို့ ကျွန်မခံစားမိပါတယ်။
ရှီးဇန့်မှာ ပြန်လည်ရှင်သန်ရေး အိပ်မက်ကို ကောင်းကောင်းမက်နိုင်ပြီ