မြန်မာဘာသာ

ယနေ့ခေတ်… ရှီးဇန့် (သို့မဟုတ်) တိဘက် အပိုင်း-၂

criPublished: 2022-03-11 17:00:33
Share
Share this with Close
Messenger Pinterest LinkedIn

သလဲသီးစေ့များလို ဖွံ့ဖြိုးရေးမှာ ဇန့်လူမျိုးတွေလည်း မကျန်ခဲ့

ရှီးဇန့်မှာလည်ပတ်စဉ် ရက်သတ္တပတ်အတွင်း ကျွန်မက ရှီးဇန့်ဒေသခံတွေ အိမ်ကိုသွားရောက် လေ့လာခွင့်ရခဲ့သလို သူတို့တွေနဲ့လည်း စကားတွေအများကြီး ပြောခွင့်ရခဲ့ပါတယ်။ အဲဒီထဲက ကျွန်မကို လိုက်ပါပို့ဆောင်ပေးတဲ့ ဒေသခံ ကားသမား ပြောတာကို ကျွန်မအခုထိ အမှတ်ရမိပါတယ်။

“ကျွန်တော် အရင်က တောင်ပေါ်ဒေသမှာနေတယ်။ အလုပ်မရှိဘူး။ အစိုးရရဲ့အစီအစဉ်နဲ့ ကျွန်တော်တို့မိသားစု မြို့ပြောင်းလာခဲ့ကြပေမယ့် အလုပ်မရှိလို့ ကျွန်တော့် မိသားစုစားဝတ်နေရေးအတွက် စိတ်ပူမိတယ်။ နောက်အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ ကားမောင်းသင်တန်းတက်တယ်။ အခုကားမောင်းပြီး မိသားစုအတွက် ဝင်ငွေ ရအောင်ရှာနိုင်ပြီ” လို့ဆိုပါတယ်။ ကားကိုကျွမ်းကျင်စွာ မောင်းနေတဲ့သူ့ကိုကြည့်ပြီး ရှီးဇန့်ဒေသအစိုးရဟာ ဒေသခံ ပြည်သူတွေအတွက် အလုပ်အာမခံပေးရတယ်ဆိုတဲ့ ပြန်ကြားရေးတာဝန်ခံစကားကို ကျွန်မတစ်ယောက် ပြန်လည် ကြားယောင်နေမိပါတယ်။

ဒါနဲ့တစ်ဆက်တည်း “သလဲသီးစေ့များလို တစ်စည်းတစ်လုံးတည်းဖြစ်ရမယ်” ဆိုတဲ့ သမ္မတရှီကျင့်ဖျင်စကား ကိုလည်း ထိတွေ့ခံစားမိလိုက်ပါတယ်။ တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ်ရေးနဲ့ ပတ်သက်ပြီး သမ္မတ ရှီကျင့်ဖျင်က နေရာများစွာမှာ ဒီစကားကို အကြိမ်ကြိမ် ဥပမာပြပြောဆိုခဲ့ဖူးပါတယ်။ အထူးသဖြင့် ရှီးဇန့်ကို သမ္မတရှီကျင့်ဖျင် လာရောက်စဉ်မှာ “တိုင်းရင်းသား လူမျိုးစု ၅၆ စုဟာ တရုတ်အမျိုးသား အသိုက်အဝန်းတစ်ရပ် ဖြစ်တယ်။ တိုင်းရင်းသားပေါင်းစုံတို့ သွေးစည်းညီညွတ်စွာနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဆိုရှယ်လစ်လမ်းကြောင်းမှာ တက်ညီလက်ညီ ပါဝင်ခဲ့တယ်။ တိုင်းရင်းသား လူမျိုးစုများအားလုံးဟာ သလဲသီးစေ့များလို တစ်စည်းတစ်လုံး တည်းဖြစ်ရမယ်။ တိုးတက်ဖွံ့ဖြိုးမှုမှာ ဘယ်တိုင်းရင်းသားတစ်စုကိုမှ ချန်ထားခဲ့လို့မရဘူး” ဆိုတဲ့စကားက ဒေသခံ မဟုတ်တဲ့ ကျွန်မလိုလူရဲ့ ရင်ကိုတောင်လှုပ်ရှားစေပါတယ်။ ရှီးဇန့်ဒေသက ဇန့်လူမျိုးတွေ အတွက်ကတော့ ဒီစကားရပ်ဟာ ခွန်အားတစ်ရပ် ဖြစ်စေသလို ဒေသအတွက် ဖွံ့ဖြိုးတိုးတက်ရေးမှာ မောင်းနှင်အား တစ်ခုဖြစ်စေမှာ အမှန်ပါပဲ။

1234全文 4 下一页

Share this story on

Messenger Pinterest LinkedIn