မြန်မာဘာသာ

နှစ် ၈၀ ပြည့် ချစ်သော CRI သို့ အလင်္ကာအလွမ်းမှတ်တမ်း

criPublished: 2021-12-03 09:32:55
Share
Share this with Close
Messenger Pinterest LinkedIn

တစ်ချိန်က CRI မြန်မာပိုင်းအစီအစဉ်ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ခဲ့တဲ့ကျွန်မ အခုတော့ CRI မြန်မာပိုင်း အစီအစဉ်ရဲ့ စီစဉ်တင်ဆက်သူတစ်ဦး ဖြစ်နေပါပြီ။ တရုတ်နိုင်ငံမှာ နေစဉ်အတွင်း တရုတ်ပြည်အနှံ့ ယူနန်၊ ရှီးဇန့်(တိဘက်)၊ ရှင်းကျန်း၊ စီချွမ်း၊ ဟိုင်နန်ဒေသတွေကိုလည်း ကျွန်မ ရောက်ဖူးခဲ့ပါပြီ။ တရုတ် မြန်မာချစ်ကြည်ရေးဆိုင်ရာ၊ တရုတ် ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေလည်း ကျွန်မများစွာ ရေးဖြစ်ခဲ့ပါပြီ။ တရုတ်အစိုးရက ပေးအပ်ချီးမြှင့်တဲ့ တရုတ်အစိုးရ ချစ်ကြည်ရေးဆုကို လျှောက်ဖို့အတွက်လည်း ဌာနရဲ့ ထောက်ခံမှုကိုလည်း ရရှိခဲ့ပါသေးတယ်။ ကျွန်မ နားဖျာချိန်မှာလည်း ဌာနေ၀န်ထမ်းများက ကျွန်မကို ဂရုစိုက် ပေးကြပြန်ပါတယ်။ အခုဆို ဌာနေ ၀န်ထမ်းများနဲ့ ကျွန်မ မိသားစုလို ဖြစ်လို့နေပါပြီ။ သူတို့အားလုံးက မိသားစုလို နွေးထွေးမှုရှိကြပါတယ်။ မိသားစုလို စောင့်ရှောက်မှု ပေးကြပါတယ်။ တရုတ်နိုင်ငံမှာ နေစဉ်ကာလ ကျွန်မရဲ့ နေ့စဉ်ဘ၀ကို ဖြတ်သန်းရတာ ဘ၀တစ်သက်တာအတွက် အနွေးထွေးဆုံးလို့ ပြောလို့ရပါတယ်။

အခုဆို ကျွန်မအလုပ်လုပ်နေတဲ့ CRI ပါဝင်တဲ့ တရုတ်ပြည်သူ့ နိုင်ငံတကာ အသံလွှင့် လုပ်ငန်း (China Media Group- CMG) ဟာ ခေတ်မီတဲ့ နည်းပညာများဖြစ်တဲ့ “5G+4K/8K+AI” စနစ်ကို အသုံးပြုပြီး မီဒီယာဆိုင်ရာ ဆန်းသစ် တီထွင် ထုတ်လွှင့်မှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် CMG ဟာ တရုတ်နိုင်ငံရဲ့ မီဒီယာလုပ်ငန်းကြီးပီပီ မီဒီယာတာဝန်များကိုသာမက တရုတ်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆောင်ရွက်ချက်များမှာလည်း ပါဝင်အားဖြည့်ကူညီမှုများပေးခဲ့တာတွေ့ရသလို မကြာခင် ကျင်းပ တော့မယ့် ပီကင်းဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာလည်း အိုလံပစ်အားကစားကို ကျယ်ပြန့်စေဖို့၊ ဆက်တိုက် ဖွံ့ဖြိုးစေဖို့၊ ဆက်တိုက်ထုတ်လွှင့်စေဖို့အတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်ကိုထားရှိဖို့ ကြိုးစား လုပ်ဆောင်လျက် ရှိပါတယ်။ ဒီ့အတွက် တရုတ် သမ္မတရှီကျင့်ဖိန်ကပင် CMG ရဲ့လုပ်ဆောင်မှုအပေါ် သ၀ဏ်လွှာပေးပို့ ဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် ရုရှား သမ္မတ ပူတင်ကလည်း China Media Group မှ ဥက္ကဋ္ဌ ရှိန့်ဟိုင်ရှုံအား "ချစ်ကြည်ရေးတံဆိပ်" ချီးမြှင့်ခဲ့တာကို တွေ့ရပါတယ်။ အဓိကအနေနဲ့ CMG ဟာ ကမ္ဘာ့မီဒီယာများ ဆက်ဆံရေး လျင်မြန်စွာ တိုးတက်လာဖို့၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ဖြစ်ပေါ်လာဖို့၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး လမ်းကြောင်း ဘက်ပေါင်းစုံဝါဒလမ်းကြောင်းကို လျှောက်လှမ်းစေနိုင်ဖို့ ကူးလူးဖလှယ်မှု ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့် ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။

首页上一页1234全文 4 下一页

Share this story on

Messenger Pinterest LinkedIn