မြန်မာဘာသာ

နှစ် ၈၀ ပြည့် ချစ်သော CRI သို့ အလင်္ကာအလွမ်းမှတ်တမ်း

criPublished: 2021-12-03 09:32:55
Share
Share this with Close
Messenger Pinterest LinkedIn

CRI မြန်မာပိုင်းအစီအစဉ်နဲ့ ကျွန်မတို့ရဲ့ မှော်ဆန်သောဆုံဆည်းမှုက ဒီမှာတင်မပြီးသေးပါဘူး။ အဲ့ဒီနောက်ပိုင်း CRI မြန်မာပိုင်းအစီအစဉ်က ကျွန်မတို့အလုပ်လုပ်နေတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနနဲ့ပူးပေါင်းပြီး နှစ်နိုင်ငံ မီဒီယာ ပူးပေါင်းဖလှယ်မှုအရ အသံလွှင့်ဝန်ထမ်းများ အပြန်အလှန် စေလွှတ်တဲ့ အစီအစဉ်ရဲ့ ဒုတိယအသုတ်မှာ ကျွန်မက အသံလွှင့်ကျွမ်းကျင်ပညာရှင်အဖြစ် တရုတ်နိုင်ငံကိုသွားရောက်ပြီး CRI မြန်မာပိုင်းအစီအစဉ်မှာ ၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့ပါတော့တယ်။ ဒီလိုနဲ့ တရုတ် နိုင်ငံ ကိုရောက်လာပြီး CRI မြန်မာပိုင်းအစီအစဉ်မှာ ကျွန်မ ၂ နှစ်ကြာ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင် ခဲ့တယ်ပေါ့။ ဒါနဲ့ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ မူလက စာချုပ်ချုပ်ထားတဲ့ ၂ နှစ်ကြာ လုပ်ငန်း တာဝန်ထမ်းဆောင်မှု ၂ နှစ်ပြည့်မြောက်ချိန်မှာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် CRI မြန်မာပိုင်းအစီအစဉ်က နောက်ထပ် ၁နှစ် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ကျွန်မကို ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ CRI မြန်မာပိုင်းအစီအစဉ်မှာ နောက်ထပ် ၁ နှစ် ကျွန်မ အလုပ်လုပ်ခွင့် ရခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ သက်တမ်းတိုး တာဝန်ထမ်းဆောင်မှု ၁ နှစ် ပြည့်တဲ့အချိန် မြန်မာနိုင်ငံကို ပြန်တော့မယ်ဆိုတဲ့အချိန်မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်တာကြောင့် လုပ်ငန်းလိုအပ်ချက်အရ CRI မြန်မာပိုင်းအစီအစဉ်မှာ နောက်ထပ် ၁ နှစ် တာဝန် ထမ်းဆောင်ဖို့ ထပ်ဖြစ်လာပြန်ပါတယ်။ အနှစ်ချုပ်ရမယ်ဆိုရင် မူလက ၂ နှစ်စာချုပ်နဲ့လာခဲ့တဲ့ ကျွန်မက CRI မြန်မာပိုင်းအစီအစဉ်မှာ နောက်ထပ် ၂ နှစ်ကြာ ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာက မှော်ဆန်သော ဆုံဆည်းမှုတစ်ခုလို့ပင် ပြောလို့ရပါတယ်။ ဒီဆုံဆည်းမှု တွေကို ကျွန်မ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်သလို ဒီအကြောင်းတွေကို ပြန်ပြောင်းပြောပြရတာဟာလည်း ကျွန်မအတွက် တကယ့်ကို ဂုဏ်ယူစရာ ဖြစ်ရပါတယ်။

首页上一页1234全文 4 下一页

Share this story on

Messenger Pinterest LinkedIn