တရုတ်နိုင်ငံ ပြည်လုံးဆိုင်ရာအားကစားပြိုင်ပွဲကျင်းပခြင်းသည် လူ့ဘောင်အဖွဲ့အစည်းကို အပြုသဘောဆောင်သည့် အင်အားကို ပိုမိုဆောင်ကြဉ်းနိုင်မည်ဟု မြန်မာနိုင်ငံ ဝူရှူး သိုင်းပညာအဖွဲ့ချုပ် ဥက္ကဋ္ဌဆို
ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ပီကင်းမြို့တွင် နှစ်ဝက်လောက် ကျင်းပမည် ဖြစ်ပါသည်။ ယင်းသည် နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကို ပြသရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်၊ အမျိုးသားစိတ်ဓါတ်ကို အားဖြည့်ရန် အရေးကြီးသည့် အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။ ယင်းနှင့်ပတ်သက်ပြီး ဦးသစ္စာက ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်နေသေးသည့်အချိန်တွင် တရုတ်နိုင်ငံက အားကစားပြိုင်ပွဲကို ကျင်းပခြင်းသည် အားကစားသမားများ၏ အားကစားနည်းပညာကို မြှင့်တင်နိုင်သည့်အပြင် ဇွဲရှိရှိ ကြိုးပမ်းအားထုတ်သည့် အားကစားစိတ်ဓါတ်ကိုလည်း လက်ဆင့်ကမ်းနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာအား တရုတ်လူမျိုး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့်၊ ရှေ့ကိုချီတက်သည့် စိတ်ဓါတ်ကို ပြသနိုင်ပြီး လူ့ဘောင် အဖွဲ့အစည်းကို အပြုသဘောဆောင်သည့် အင်အားကို ပိုမိုဆောင်ကြဉ်းနိုင်မည် ဖြစ်ကြောင်း ပြောပါသည်။