မြန်မာဘာသာ

တရုတ်နိုင်ငံ ပြည်လုံးဆိုင်ရာအားကစားပြိုင်ပွဲကျင်းပခြင်းသည် လူ့ဘောင်အဖွဲ့အစည်းကို အပြုသဘောဆောင်သည့် အင်အားကို ပိုမိုဆောင်ကြဉ်းနိုင်မည်ဟု မြန်မာနိုင်ငံ ဝူရှူး သိုင်းပညာအဖွဲ့ချုပ် ဥက္ကဋ္ဌဆို

criPublished: 2021-09-16 21:22:40
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၁၄ကြိမ်မြောက် ပြည်လုံးဆိုင်ရာအားကစားပြိုင်ပွဲကို စက်တင်ဘာလ ၁၅ရက်နေ့ကနေ ၂၇ရက်နေ့အထိ ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ကျင်းပမည် ဖြစ်ပါသည်။

ယခုအကြိမ် အားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်သည် တစ်ပြည်လုံးရှိ ပြည်သူများက အားကစားပြိုင်ပွဲတွင် ပါဝင်စေခြင်း၊ စိတ်တူသဘောတူ ဆောင်ရွက်ခြင်း("Games for all, together in mind and action") ဖြစ်ပြီး အားကစားသမားများ၏ ကြိုးပမ်းအားထုတ်မှုကို ပြသသည့် တစ်ချိန်တည်းတွင် ပြည်သူများအားလုံးက အားကစားလေ့ကျင့်မှုတွင် ပါဝင်ပြုလုပ်ရန် တွန်းအားပေးနိုင်ပါသည်။ မြန်မာနိုင်ငံ ဝူရှူးသိုင်းပညာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာက တစ်ပြည်လုံးရှိ ပြည်သူများအား အားကစားလေ့ကျင့်မှုကို ပြုလုပ်ရန် တွန်းအားပေးခြင်းသည် ပြည်သူများအား ကျန်းမာသောခန္ဓာကိုယ် ရရှိစေနိုင်မည်ဖြစ်ပြီး လူမျိုးတစ်မျိုး၏ စိတ်ဓါတ်ကို ပြသနိုင်ပါကြောင်း၊ ပြည်သူများ ကျန်းမာမှသာ တိုင်းပြည် ခိုင်ခံ့မှာ ဖြစ်ကြောင်း ပြောပါသည်။

မြန်မာနိုင်ငံ ဝူရှူး သိုင်းပညာအဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနှင့် ဦးသစ္စာက ဝူရှူး သိုင်းပညာကို မြန်မာနိုင်ငံတွင် ပြန့်ပွားစေပြီး ဝူရှူးအား ပြည်သူများ ကြိုက်နှစ်သက်သော၊ ကျန်းမာစေနိုင်သော အားကစားလေ့ကျင့်မှုတစ်မျိုးဖြစ်အောင် အမြဲ ကြိုးစားပါကြောင်း၊ ၄င်းက ဝူရှူး သိုင်းပညာသည် တရုတ်ပြည်မှ စတင် ထွန်းကားလာပြီး ကမ္ဘာက ပိုင်ဆိုင်သောအားကစားတစ်မျိုး ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် ဝူရှူး သိုင်းပညာသည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအလားအလာ ကောင်းမွန်လာပြီး ပြည်သူများ၏ သိရှိလက်ခံမှုကို ရရှိခဲ့ကြောင်း၊ မိမိတို့က ဝူရှူး သိုင်းပညာအား အရပ်ဘက်တွင် ဖွံ့ဖြိုးတိုးတက်စေရန် အရပ်ဘက် ဝူရှူး သိုင်းပညာကူးလူးဖလှယ်ရေး လှုပ်ရှားမှုများကို မြှင့်တင်ပြီး ဝူရှူးကို စိတ်ဝင်စားသူများအား ရှာဖွေကာ ဝူရှူး နည်းပြဆရာများကို မွေးထုတ်ပေးနေကြောင်း၊ ထို့အပြင် မိမိတို့က မြန်မာ-တရုတ် နှစ်နိုင်ငံ ဝူရှူး သိုင်းပညာဆိုင်ရာ ကူးလူးဖလှယ်ရေး လှုပ်ရှားမှုများကို များများ ကျင်းပနိုင်မည်ဖြစ်ပြီး ဝူရှူးမှတစ်ဆင့် မိတ်ဆွေဖွဲ့ကာ နှစ်နိုင်ငံကြား အားကစားကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ခိုင်မြဲစေရန် မျှော်လင့်ပါကြောင်း ပြောပါသည်။

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn