တရုတ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်ရေးရာမဟာမင်းကြီးရုံးသည် အာဖဂန်အားလူသားချင်းစာနာထောက်ထားမှုပစ္စည်းများပံ့ပိုး
တရုတ်နိုင်ငံတောင်ဘက်ခြမ်းနိုင်ငံများပူးပေါင်းဆောင်ရွက်မှု ထောက်ပံ့ကူညီရေးရန်ပုံငွေအဖွဲ့နှင့် ကုလသမဂ္ဂ ဒုက္ခသည်ရေးရာမဟာမင်းကြီးရုံးမှ အာဖဂန်အားပူးတွဲ ထောက်ပံ့ကူညီရေးပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကိုယခုလ ၂၇ ရက်နေ့ကအာဖဂန်နိုင်ငံကဘူးလ်မြို့တော်၌ ကျင်းပခဲ့ပါသည်။ အာဖဂန်ဆိုင်ရာတရုတ် သံအမတ်ကြီးဝမ်ယူ၊ အာဖဂန်ဆိုင်ရာကုလသမဂ္ဂ ဒုက္ခသည်ရေးရာမဟာမင်းကြီးရုံးယာယီကိုယ်စားလှယ် ယူကိုတာကာရှီမာတို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟုဆင်ဟွာသတင်းအရသိရပါသည်။
သံအမတ်ကြီးဝမ်ယူကကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသည့်နောက်ပိုင်းတရုတ် အစိုးရသည် ကူးစက်ရောဂါ၊ မတည်မငြိမ်မှုနှင့် မိုးခေါင်ရေရှားမှု ဘေးများကိုခံနေရသည့် အာဖဂန် ပြည်သူပြည်သားများ၏ နေထိုင်မှု အခက်အခဲများကိုလွန်စွာအာရုံစိုက်ပါကြောင်း၊ လွန်ခဲ့သည့်နှစ်ကတရုတ်နိုင်ငံတောင်ဘက်ခြမ်းနိုင်ငံများပူးပေါင်းဆောင်ရွက်မှု ထောက်ပံ့ကူညီရေးရန်ပုံငွေအဖွဲ့သည် အာဖဂန် အားနည်းသူများအားအရေးပေါ် ဘေးခိုပစ္စည်းများနှင့် ပညာရေးဆိုင်ရာထောက်ပံ့မှုပေးရန် ကုလသမဂ္ဂ ဒုက္ခသည်ရေးရာမဟာမင်းကြီးရုံး၏ လျှောက်ထားချက်ကိုအချိန်မီအတည်ပြုပြီးထောက်ပံ့ကြေးများကိုပံ့ပိုး၍ အခက်အခဲ ကြုံနေရသောအာဖဂန် ပြည်သူများအားဖေးမကူညီပေးခဲ့ကြောင်းပြောကြားပါသည်။