မြန်မာဘာသာ

ယူကရိန်းသည် ရုရှားနှင့် ဆွေးနွေးပွဲကျင်းပရာတွင် စစ်ရေး ကင်းမဲ့စေရေး ပြဿနာ (demilitarization problem )စသည်တို့ကို ဆွေးနွေးမည် မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဆို

criPublished: 2022-03-28 15:43:29
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၂၇ရက်နေ့က ယူကရိန်းသမ္မတ Volodymyr Oleksandrovych Zelensky က ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ဆွေးနွေးပွဲ ကျင်းပရာတွင် စစ်ရေး ကင်းမဲ့စေရေး ပြဿနာနှင့် နာဇီ ကင်းရှင်းရေး စသည့် ပြဿနာများကို ဆွေးနွေးမည် မဟုတ်ကြောင်း၊ ၄င်းပြဿနာများကို နားမလည်နိုင်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ ပါသည်။

သမ္မတ Volodymyr Oleksandrovych Zelensky က မိမိအနေဖြင့် လုံခြုံမှု အာမခံရေးနှင့် ယူကရိန်း ကြားနေရေး အနေအထားနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့် ဦးတည်ချက် တူညီစွာ အတူကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာ သဘောတူစာချုပ်ကို အာမခံသည့် နိုင်ငံအားလုံး လက်မှတ်ရေးထိုးပြီး နိုင်ငံအသီးသီးမှ လွှတ်တော်များ အတည်ပြုရန် လိုကြောင်း၊ ထို့အပြင် ၄င်းပြဿနာသည် ယူကရိန်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနှင့်သက်ဆိုင်သဖြင့် သက်ဆိုင်ရာ အစီအစဉ်ကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်ရန်အတွက် ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပရန် လိုကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn