မြန်မာဘာသာ

“နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့”ကို ယူကရိန်းသို့ စေလွှတ်ရန် ဟန်ဂေရီ ဆန့်ကျင်

criPublished: 2022-03-28 15:44:11
Share
Share this with Close
Messenger Pinterest LinkedIn

မကြာခင်က ပိုလန်နိုင်ငံသည် နေတိုးသို့မဟုတ် အတိုင်းအတာပိုမို ကြီးမားသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ “နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့” ကို ယူကရိန်းသို့ စေလွှတ်သင့်သည်ဟု အဆိုပြုခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် အိုလ်ဘန်က ယင်းအဆိုပြုချက်ကို ဆန့်ကျင်ကြောင်း ဒေသစံတော်ချိန် မတ်လ ၂၇ ရက်နေ့က ဟန်ဂေရီမီဒီယာ၏ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် ပြောဆိုခဲ့ပါသည်။

အိုလ်ဘန်က အပစ်အခတ်ရပ်စဲပြီးမှသာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များကို စေလွှတ်နိုင်မည်ဖြစ်ပြီး ယခု ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များကို စေလွှတ်လျှင် စစ်ပွဲတွင် ဝင်သွားမည်ဖြစ်ကြောင်း၊ လူသေကျေစေနိုင်သောလက်နက်များကို ဟန်ဂေရီမှတစ်ဆင့် ယူကရိန်းသို့ ပို့ဆောင်ရန် ခွင့်မပြုကြောင်း၊ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများကို စွမ်းအင်ကဏ္ဍသို့တိုးချဲ့ခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn