ရုရှားသမ္မတပူတင် - အနောက်တိုင်းမှရုရှားစာရေးဆရာများနှင့်စာအုပ်များအားတားမြစ်ခြင်းသည် ရုရှားတွင်တော့စဉ်းစား၍ပင်မရသောအနေအထားဖြစ်
ဒေသစံတော်ချိန်(၂၅)ရက်၊ရုရှားသမ္မတပူတင်သည်“သမ္မတစာပေယဉ်ကျေးမှုနယ်ပယ်ဆု”ရရှိသူများနှင့်တွေ့ဆုံချိန်တွင်အနောက်တိုင်းမှရုရှားစာရေးဆရာများနှင့်စာအုပ်များအားတားမြစ်ခြင်းသည် ရုရှားတွင်တော့စဉ်းစား၍ပင်မရသောအနေအထားဖြစ်ကြောင်း၊ရုရှားနိုင်ငံသည်အခြားသောလူမျိုးများအားပယ်ရှားခြင်းမရှိကြောင်းပြောကြားခဲ့ပါသည်။
ပူတင်မှအနောက်တိုင်းတွင်ခေတ်စားနေသည့်“စာပေယဉ်ကျေးမှုပယ်ဖျက်ခြင်း”ဆိုတာကသူတို့စာပေယဉ်ကျေးမှုအတွင်းမပါဝင်၊မသက်ဆိုင်တာတွေကိုပယ်ရှား(သို့မဟုတ်)ကမောက်ကမဖြစ်စေ ခြင်းဖြစ်ပါသည်ဟုဆိုပါသည်။