မြန်မာဘာသာ

“ယခင်က နေတိုးအဖွဲ့” ပြန်မလာသင့်

criPublished: 2022-03-26 12:36:02
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသ စံတော်ချိန် ယခုလ ၂၄ရက်နေ့က နေတိုးအဖွဲ့သည် ၄င်း၏ ရုံးသုံးဝက်ဘ်ဆိုက်တွင် နေတိုးအဖွဲ့ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ကြသည့် အမေရိကန်နှင့် ဥရောပ ထိပ်သီး ခေါင်းဆောင်များ၏ စုပေါင်းဓါတ်ပုံ တစ်ပုံကို ထုတ်ပြန်ခဲ့သည်။ အစည်းအဝေး အပြီးတွင် အမေရိကန် သမ္မတ ဘိုင်ဒင်က နေတိုးအဖွဲ့သည် ယခင်ကလို အားကောင်းပြီး စည်းလုံးညီညွတ်ကြောင်း ဖော်ပြသည်။

အပေါ်ယံကြည့်လျှင် ယင်းကမ္ဘာပေါ်တွင် အကြီးဆုံး စစ်ရေး မဟာမိတ်အဖွဲ့သည် စည်းလုံး ညီညွတ်သည်။ အမှန်တကယ်တော့ နေတိုးအဖွဲ့သည် တရားဝင်မှုဆိုင်ရာ အကျပ်အတည်းနှင့် အလွန်ကြီးမားသော အတွင်းပိုင်း သဘောကွဲလွဲမှု ရှိသည်။ အမေရိကန် အတွက် နေတိုးအဖွဲ့သည် ၄င်းက အုပ်စုနိုင်ငံရေး ကျင့်သုံးရန် အရေးကြီး ကျားကန်ပေးချက်နှင့် ဗိုလ်ကျလွှမ်းမိုးမှု အာဏာ ထိန်းသိမ်းကာကွယ်ရန် စစ်ရေး လက်ကိုင်တုတ်ပင် ဖြစ်သည်။

အမေရိကန်နှင့် ဥရောပ အကြား ဖြေရှင်းရ ခက်သည့် သဘောကွဲလွဲမှုများကြောင့် နေတိုးအဖွဲ့သည် ခြေလှမ်းညီရန် ခက်ခဲသည်။ ဥပမာပြောရလျှင် ယူကရိန်းပြဿနာနှင့် ပတ်သက်၍ ရုရှား အပေါ် တင်းမာသော သဘောထားကြသော်လည်း အမေရိကန်နှင့် ဥရောပ အကြား သက်ဆိုင်ရာ အကျိုးစီးပွား ကွာခြားမှု အလွန်ကြီးမားသည်။ ဥရောပ အတွက် ယူကရိန်း အကျပ်အတည်းကို အမြန်ဆုံး ငြိမ်းချမ်းစွာ ဖြေရှင်းပေးမှသာ စွမ်းအင် လုံခြုံမှုကို အမှန်တကယ် ထိန်းသိမ်းကာကွယ်နိုင်မည်။ အမေရိကန် ကတော့ အနောက်နိုင်ငံများတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသေးပြီး ၄င်း၏ အကျိုးစီးပွားနှင့် ဗိုလ်ကျလွှမ်းမိုးရေး အာဏာ အတွက် ရုရှား အပေါ် ဘက်စုံ ထိန်းချုပ်ဟန့်တားရန် မဟာမိတ်များအား ဆက်တိုက် ဖိအားပေးနေသည်။

ကနေဒါ နိုင်ငံရှိ စစ်ပွဲ ဆန့်ကျင်ရေး အဖွဲ့ဖြစ်သည့် ဟန်မယ်တွန် အပစ်အခတ် ရပ်စဲရေး မဟာမိတ်အဖွဲ့ တာဝန်ခံ Ken Stoneက နေတိုးအဖွဲ့သည် အမေရိကန် ဦးဆောင်သော ကျူးကျော် ထိပါးမှု သဘောပါသည့် စစ်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း၊ နေတိုးအဖွဲ့၏ ပဋိညာဉ်စာချုပ်အရ စေစောကပင် နေတိုးအဖွဲ့သည် တည်ရှိရန် အဓိပ္ပါယ် မရှိတော့ကြောင်း ပြောကြားသည်။

အမေရိကန်သည် ကမ္ဘာ့ကို မဦးဆောင်နိုင်ပေ၊ ဥရောပသည် ဥရောပသူ ဥရောပသားများ၏ ဥရောပပင် ဖြစ်သည်။ လက်ရှိအချိန်တွင် အမေရိကန်သည် ယူကရိန်း အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တွန်းအားမပေးလိုဘဲ သူများ၏ အကျိုးကို ထိခိုက်ခြင်းဖြင့် ကိုယ်ကျိုးကို ရှာကြံရန် စဉ်းစားတွက်ချက်နေသေးသည်။ ယင်းကဲ့သို့သော အမေရိကန် အပေါ် ၄င်း၏ မဟာမိတ်များသည် ယုံကြည်ထိုက်သလား။

Share this story on

Messenger Pinterest LinkedIn