မြန်မာဘာသာ

အာဆီယံအဖွဲ့ အနေနှင့် အာဆီယံနည်းလမ်းဖြင့် မြန်မာပြဿနာကို သင့်လျော်စွာ ကိုင်တွယ် ဖြေရှင်းရန် တရုတ်ထောက်ခံ

criPublished: 2022-03-26 12:33:16
Share
Share this with Close
Messenger Pinterest LinkedIn

မြန်မာနိုင်ငံပြဿနာဆိုင်ရာ အာဆီယံအထူးသံတမန်သည် မြန်မာနိုင်ငံသို့ ပထမအကြိမ် ခရီးလှည့်လည်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အာဆီယံအဖွဲ့အား အာဆီယံနည်းလမ်းဖြင့် မြန်မာနိုင်ငံပြဿနာကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ၂၅ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံပြဿနာဆိုင်ရာအာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonnသည် မတ်လ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ လုပ်ငန်းဆိုင်ရာခရီးလှည့်လည်ခဲ့ပါသည်။

မြန်မာနိုင်ငံပြဿနာဆိုင်ရာ အာဆီယံအထူးသံတမန်သည် မြန်မာနိုင်ငံသို့ ပထမအကြိမ် ခရီးလှည့်လည်ခြင်းသည် အထူးသံတမန်အနေနှင့် အာဆီယံသဘောတူညီချက်(၅)ရပ်အရ ကြားဝင်ဖျန်ဖြေရေးလုပ်ငန်းကိုဆောင်ရွက်ရန် အရေးကြီးခြေလှမ်းတစ်လှမ်း ဖြစ်ကြောင်း ဝမ်ဝင်ပင်က ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn