မြန်မာဘာသာ

ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားခဲ့တာ တစ်လ ရှိပြီ၊ “စစ်ပွဲ ကူးသန်းရောင်းဝယ်သူ” အမေရိကန်က သွေးထိုးလှုံ့ဆော်မှု ပြုလုပ်နေသေး

criPublished: 2022-03-25 10:55:02
Share
Share this with Close
Messenger Pinterest LinkedIn

မတ်လ ၂၄ ရက်နေ့အထိ ရုရှား-ယူကရိန်း စစ်ရေး အငြင်းပွားမှု ဖြစ်ပွားခဲ့တာ တစ်လ ရှိပါပြီ။ အမေရိကန် နိုင်ငံရေးပညာရှင် Mearsheimer နှင့် တောင်အာဖရိက သမ္မတ Ramaphosa အပါအဝင် နိုင်ငံတကာ နာမည်ကြီးပုဂ္ဂိုလ်များက ရုရှား-ယူကရိန်း အခြေအနေ တင်းမာလာမှု၏ အရင်းအမြစ်မှာ နှစ်ပေါင်းများစွာအတွင်း နေတိုးအဖွဲ့ရဲ့ အရှေ့ဘက်သို့ တိုးချဲ့ ဆောင်ရွက်မှု ဖြစ်ပြီး အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်က ဒီအကြိမ် အကျပ်အတည်းအပေါ် တာဝန် ယူရမယ်လို့ ယူဆကြပါတယ်။

တစ်နေ့ထက်တစ်နေ့ များပြားလာတဲ့ အပြစ်တင်သံကို ရင်ဆိုင်လျက် အကျပ်အတည်း ရဲ့ အစပြုသူ အမေရိကန်က မကြားချင်ယောင်ဆောင်ပြီး ပြောင်းပြန်ပြီးတော့ သွေးထိုး လှုံ့ဆော်မှု ပြုလုပ်နေပါတယ်။ ရည်ရွယ်ချက်ကတော့ ရုရှား-ယူကရိန်း စစ်ပွဲကို ဆက်လက် ဖြစ်ပွားစေဖို့ ဖြစ်ပါတယ်။ မကြာခင်က အမေရိကန်သမ္မတ ဘိုင်ဒန်က ဥရောပသို့ ခရီးလှည့်လည်ခဲ့ပါတယ်။ အမေရိကန်ဘက်က ဘိုင်ဒန်ရဲ့ ဒီအကြိမ် ခရီးစဉ်အတွင်း အရေးယူပိတ်ဆို့မှု ဆောင်ရွက်ချက်သစ်များ အပါအဝင် ရုရှားအပေါ် ဆောင်ရွက်ချက် သစ်များကို ချမှတ်မယ်လို့ ဆိုခဲ့ပါတယ်။ ရုရှား-ယူကကိန်း အငြင်းပွားမှု ဖြစ်ပွားခဲ့တာ တစ်လ ရှိပါပြီ။ အမေရိကန်က အနောက်တိုင်း မဟာမိတ်များနဲ့အတူ အရေးယူ ပိတ်ဆို့မှု များကို ဆက်လက် တိုးမြှင့်တဲ့ ကြံဆချက်ဟာ မီးထဲသို့ လောင်စာ ထည့်သလို ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အမေရိကန် သက်ဆိုင်ရာ အရာရှိများက ရုရှား-ယူကရိန်း အရေး ပိုမဆိုးရွားလာအောင် ကာကွယ်ရမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါနဲ့ အမေရိကန်က ပြောတဲ့အတိုင်း လုပ်ဆောင်ပြီး ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲမှာ အကျိုးရလဒ် ရရှိ စေဖို့ လက်တွေ့ကျကျ ဆောင်ရွက်သင့်တယ် မဟုတ်ပါလား။ မီးထဲမှာ လောင်စာထည့်သူဟာ နောက်ဆုံးမှာ မီးလောင်းခံရမယ်လို့ သမိုင်းဖြစ်စဉ်များက သက်သေထူပြထားကြောင်း China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။

Share this story on

Messenger Pinterest LinkedIn