မြန်မာဘာသာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့တီဘီရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးနေ့ ဗီဒီယိုအစည်းအဝေးတွင် ဖုန်လိယွမ် မိန့်ခွန်းပြောကြား

criPublished: 2022-03-25 10:46:45
Share
Share this with Close
Messenger Pinterest LinkedIn

မတ်လ ၂၄ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် ၏ ဇနီး၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ တီဘီရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ ကရုဏာရှင် ဖုန်းလိယွမ်း သည် ဖိတ်ကြားချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့တီဘီရောဂါကြိုတင်ကာကွယ်ရေးနှင့် ကုသရေးနေ့ ဗီဒီယို အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဖုန်လိယွမ်က မကြာမီနှစ်များတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တက်တက်ကြွကြွ တွန်းအားပေးမှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် တစ်ကမ္ဘာလုံး တီဘီရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းတွင် သိသာ ထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်အစိုးရသည် တီဘီရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းကို အလွန်အလေးထားကြောင်း၊ သီးသန့်ရန်ပုံငွေကို ထားရှိပြီး ရောဂါသည်များအား စစ်ဆေးရေးနှင့် ဆေးဝါးများကို အခမဲ့ထောက်ပံ့ ပေးလျက် ရှိကြောင်း၊ တီဘီရောဂါသည်များ သက်သာမှုနှုန်းမှာ ရာခိုင်နှုန်း ၉၀ကျော် ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဖုန်လိယွမ်က မိမိအနေဖြင့် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးတို့အား တီဘီရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ အတွေ့ အကြုံများကို မျှဝေပြီး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် မိမိ မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင် ကျန်းမာရေး ရည်မှန်းချက်ကို လျာထားချက်အတိုင်း အကောင်အထည်ဖော်ရန်၊ လူသား ကျန်းမာရေးအသိုက်အဝန်း အတူတကွတည်ဆောက်ရန် လက်တွဲကြိုးပမ်းဆောင်ရွက် လိုကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn