မြန်မာဘာသာ

အာဆီယံ မြန်မာရေးရာ အထူးသံတမန် PrakSokhonn သည် မြန်မာခရီးစဉ် ရလဒ်များ ရှင်းလင်းပြောကြား

criPublished: 2022-03-24 16:49:31
Share
Share this with Close
Messenger Pinterest LinkedIn

ယခုလ ၂၃ ရက်နေ့ မနက်ပိုင်းက အာဆီယံမြန်မာရေးရာဆိုင်ရာ အထူးသံတမန်သစ်၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး PrakSokhonn သည် ဖနွမ်းပင် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် မြန်မာနိုင်ငံ၌ ၃ ရက်ကြာ ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

PrakSokhonn က မြန်မာပြဿနာသည် အာဆီယံတစ်ခုလုံး၏ ပြဿနာဖြစ်ပြီး ဖြေရှင်းဖို့ ကြာရှည်သော အချိန်လိုအပ်ကြောင်း၊ ခြုံပြီးပြောရလျှင် ယခုအကြိမ် ခရီးစဉ်၏ ရလဒ်သည် ခန့်မှန်းသည်ထက် ပိုကောင်းပါကြောင်း၊ ကမ္ဘောဒီးယားသည် ဘက်အသီးသီးနှင့်အတူ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီချက် ၅ ရပ်ကို ဖော်ဆောင်ရန် ဆက်လက် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

PrakSokhonn သည် ၂၀၂၂ ခုနှစ် ဧပြီလ တတိယဆယ်ရက်ပိုင်း သို့မဟုတ် မေလ ပထမ ဆယ်ရက်ပိုင်းတွင် ပူးတွဲ အစည်းအဝေးကို ကျင်းပပြီး မြန်မာပြဿနာကိုဖြေရှင်းဖို့ တစ်ဆင့်တိုးနည်းလမ်းများ ရှာကြံရန် တိုက်တွန်းခဲ့သည်။

Share this story on

Messenger Pinterest LinkedIn