မြန်မာဘာသာ

“လူ့အခွင့်အရေးစောင့်ကြပ်သူ” က လူ့အခွင့်အရေးအမည်ဖြင့် ဗိုလ်ကျစိုးမိုးမှု လုပ်နေ

criPublished: 2022-03-24 16:35:08
Share
Share this with Close
Messenger Pinterest LinkedIn

မကြာခင်ကအမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကကြေညာချက် ထုတ်ပြန်ကာလူ့အခွင့်အရေးဆိုတာကိုအကြောင်းပြပြီးတရုတ် ပြည်တွင်း ပြည်ပနဲ့ အမေရိကန် ပြည်တွင်းရှိတရုတ်အရာရှိတချို့အပေါ် ဗီဇာကန့်သတ်မှု ပြုလုပ်မယ်လို့ ဆိုခဲ့တယ်။ နိုင်ငံတကာမှာ ကြီးမားတဲ့ လူ့အခွင့်အရေးဆိုင်ရာအကြွေးများတင်ထားခဲ့တဲ့ အမေရိကန် နိုင်ငံရေးသမားတို့ရဲ့ အဲဒီလိုအမည်းကိုအဖြူအဖြစ် ပြောတဲ့၊ သူခိုးကလူဟစ်တဲ့ လုပ်ရပ်ဟာလူ့အခွင့်အရေးအမည်နဲ့ ဗိုလ်ကျစိုးမိုးမှု လုပ်တာပဲ ဖြစ်ပြီး“လူ့အခွင့်အရေးစောင့်ကြပ်သူ”ရဲ့ သူတော်ကောင်းဟန်ဆောင်ခြင်းနဲ့ စံနှစ်မျိုးထားခြင်းကိုစုံစုံလင်လင် ပြသထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ကြေညာချက်မှာအမေရိကန်ကကမ္ဘာ့ ဒေသအရပ်ရပ်မှ လူ့အခွင့်အရေးကိုထိန်းသိမ်းကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီးသံတမန်ရေး၊စီးပွားရေးနည်းလမ်းများနဲ့ အရေးယူခြင်းစနစ်ကိုဆက်တိုက် တွန်းအားပေးမယ်လို့လည်းဖေါ်ပြထားပါတယ်။ ဒါပေမယ့် ယင်းမတိုင်ခင် တစ်ရက် ပိုစောတဲ့ မတ်လ ၂၀ ရက်နေ့ဟာအီရတ် စစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၉ နှစ် ပြည့်မြောက်နေ့ပဲ ဖြစ်တယ်။ အားလုံးသိကြတဲ့ အတိုင်းပဲဒီအကြိမ် အရပ်သူအရပ်သား ၂ သိန်းလောက် သေဆုံးစေခဲ့တဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီးအမေရိကန်ကခုချိန်အထိစစ်ဆင်ရေးဆိုင်ရာအထောက်အထားတစ်စုံတစ်ခုကို ပြသနိုင်ခြင်းမရှိသေးဘူး။

အမေရိကန်ကအီရတ်၊ အာဖဂန်၊ ဆီးရီးယား၊ ယူကရိန်းစတဲ့ စစ်ပွဲများကိုသွေးထိုးလှုံ့ဆော် သို့မဟုတ် စင်ဆင်နွှဲခဲ့ပြီးအဲဒီနိုင်ငံများမှ ပြည်သူလူထုအမြောက်အမြားစစ်ဒဏ်များကိုခံစေခဲ့ရပါတယ်။ အမေရိကန်ကဒီမိုကရေစီအကြောင်းပြချက်နဲ့ စစ်ပွဲများကိုဖန်တီးပြီးဘေးအန္တရာယ်များကိုဆောင်ကြဉ်းခဲ့ကာအမေရိကန်ကသာကမ္ဘာပေါ်မှာအကြီးဆုံးလူ့အခွင့်အရေးကို ကျူးလွန်သူပဲ ဖြစ်ပါတယ်။

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn