မြန်မာဘာသာ

ရုရှား-ယူကရိန်း ပဋိပက္ခ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူလဲ။

criPublished: 2022-03-24 16:51:35
Share
Share this with Close
Messenger Pinterest LinkedIn

မကြာသေးမီရက်ပိုင်းက အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးရုံးတွင် ကာလကြာ ခွဲခြမ်း စိတ်ဖြာခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သူ Franklin C. Spinney က အမေရိကန် Military-Industrial-Congressional Complex (MICC) သည် ရုရှား-ယူကရိန်းပဋိပက္ခ ဖြစ်ပွားမှု အတွက် တာဝန်ယူသင့်ကြောင်း၊ MICC သည် ဤပဋိပက္ခမှ ရေရှည် အကျိုးကျေးဇူး ရရှိမည် ဖြစ်သော်လည်း ယင်းသည် အမေရိကန်စီးပွားရေးကို ကြီးမားစွာ ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ MICC ဆိုသည်မှာ စစ်တပ်၊ စစ်ဘက်စက်မှုလုပ်ငန်းနှင့် လွှတ်တော်တို့ဖြင့် ချိတ်ဆက်ဖွဲ့စည်းထားသော အကျိုးစီးပွားအုပ်စုကို ရည်ညွှန်းပါသည်။ MICC သည် ယခုအကြိမ် ရုရှား-ယူကရိန်းပဋိပက္ခကို အကြောင်းပြုပြီး ရုရှားအပေါ် ကြောက်ရွံ့မှုကို ချဲ့ကားပြောဆို၍ စစ်ရေးပစ္စည်းအသုံးစရိတ်အသစ်အတွက် ဆင်ခြေဖန်တီးကာ MICC အား ရေရှည် အကျိုးစီးပွား ဖြစ်ထွန်းစေရန် ရည်ရွယ်ကြောင်း Spinney က ပြောကြားသည်။ အမေရိကန် MICC ၏ သဘောသဘာဝက ကမ္ဘာတစ်ဝန်းတွင် ရန်သူသစ်များ ရှာဖွေရန် အမြဲတမ်းလှုံ့ဆော်နေကြောင်း၊ ယင်းသည် NATO အရှေ့ဘက်သို့ ချဲ့ထွင်ခြင်းမပြုရန် အမေရိကန်၏ ကတိကဝတ်ကို ဖောက်ဖျက်ရန်၊ ရုရှား၏ တရားဝင် လုံခြုံရေးဂရုပြုမှုကို လျစ်လျူရှုရန် တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်ပင်ဖြစ်ကြောင်း ၎င်းက ယူဆသည်။

Spinney ၏ အမြင်အရ MICC ၏ ကြီးမားသော သြဇာလွှမ်းမိုးမှုသည် အမေရိကန်အား ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းသည့် မူဝါဒများ ချမှတ်ခြင်းကို တားဆီးနေသည်။ MICC မှ စစ်ရေးပစ္စည်းများ ပြင်းထန်စွာ တိုးချဲ့ခြင်းသည် အခြေအနေကို ပိုမိုတင်းမာလာစေပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အထောက်အကူဖြစ်စေမည် မဟုတ်ကြောင်း ၎င်းက သတိပေး ပြောကြားခဲ့သည်။

Share this story on

Messenger Pinterest LinkedIn