မြန်မာဘာသာ

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယူကရိန်း လူသားချင်းစာနာထောက်ထားမှုအရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အတည်မပြု၊ တရုတ်နှင့် ရုရှားက ထောက်ခံမဲ ထည့်ခဲ့

criPublished: 2022-03-24 16:52:13
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံသည် ယူကရိန်း လူသားချင်းစာနာထောက်ထားမှုအခြေအနေနှင့်စပ်လျဉ်း၍ အချက် ၆ ချက် အဆိုပြုခဲ့ပြီး ယူကရိန်း ကြက်ခြေနီအသင်းအား လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ အများအပြား ထောက်ပံ့ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တက်ကြွစွာ ပါဝင်ပြီး ဘက်အသီးသီးအား လူသားချင်း စာနာ ထောက်ထားမှု အရေးကို အာရုံစိုက်ရန်၊ နိုင်ငံရေးကွဲပြားမှုများကို ကျော်လွှားရန်၊ သဘောတူညီမှုများကို အတတ်နိုင်ဆုံး ကြိုးပမ်းရှာဖွေရန်နှင့် လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန် တက်တက်ကြွကြွ ကြိုးပမ်းအားထုတ်ကြရန် အမြဲတစေ တိုက်တွန်းကြောင်း၊ လုံခြုံရေးကောင်စီတွင် နောက်ဆုံး၌ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု မရရှိခဲ့ခြင်းသည် ဝမ်းနည်းစရာကောင်းကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်စေရန် အတွက် ဆက်လက်ကြိုးပမ်းပြီး ငြိမ်းချမ်းရေးအတွက် ပြောဆို၊ ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။

首页上一页12 2

Share this story on

Messenger Pinterest LinkedIn