မြန်မာဘာသာ

အမေရိကန်က ယူကရိန်း ပြည်သူများကို တကယ် ဂရုပြုပါက လက်နက် မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ပေးကမ်းသင့်

criPublished: 2022-03-22 17:08:37
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် ဒီလ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချင်ကမ်းက အမေရိကန် CBS မှ အင်တာဗျူးကို လက်ခံ ဖြေကြားရာမှာ တရုတ်နိုင်ငံက ရုရှားနိုင်ငံကို စစ်ရေး ထောက်ပံ့ကူညီမှုပေးတယ် ဆိုတာဟာ သတင်းအတု ဖြစ်ပြီး ကျွန်တော်တို့က ဒါကို ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်း ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ရှေ့နောက်အချိန်မှာ အမေရိကန် နိုင်ငံရေး သမားနဲ့ မီဒီယာ တချို့က တရုတ်ပြည်ကို ရည်ရွယ်တဲ့ သတင်းအတုကို အဆက်မပြတ် ဖြန့်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ရုရှားနိုင်ငံကို စစ်ရေး ထောက်ပံ့ကူညီမှု ပေးနိုင်ခြင်း ဆိုတာဟာ အမေရိကန်က အစွမ်းကုန် လုပ်ကြံဖန်တီးတဲ့ သတင်းအတုတွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ အမေရိကန် အရာရှိ တချို့က အဲဒီသတင်းအတုကို အားကိုးပြီး တရုတ် လုပ်ငန်းကုမ္ပဏီများကို အရေးယူပိတ်ဆို့မှု ပြုလုပ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

ယူကရိန်း အကျပ်အတည်း ဖြစ်ပွားခဲ့တဲ့ နောက်ပိုင်း တရုတ်နိုင်ငံဟာ တစ်လျှောက်လုံး ဆိုသလို ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ပြီး အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ တရုတ်နိုင်ငံက ယူကရိန်းအား လူသားချင်း စာနာထောက်ထားရေး ထောက်ပံ့ကူညီမှု များစွာကိုပေးခဲ့ပါပြီ။ တရုတ်နိုင်ငံက ရုရှား၊ သို့မဟုတ် ယူကရိန်းအား လက်နက်များ ဖြန့်ဖြူးပေးခြင်း မရှိဘဲ ယူကရိန်း ပြည်သူများအား အစားအစာ၊ ဆေးဝါး၊ ကလေးနို့မှုန့် စတာတွေကို ပံ့ပိုးပေးခဲ့ပါတယ်။

ရုရှားနဲ့ ယူကကိန်း အကျပ်အတည်း ဖြစ်ပွားခဲ့တဲ့ နောက်ပိုင်း အမေရိကန်က အနောက်နိုင်ငံများနဲ့ စုစည်းပြီး ရုရှားနိုင်ငံအား အရေးယူ ပိတ်ဆို့မှုများကို အဆက်မပြတ် ပြုလုပ်၍ ယူကရိန်းအား စစ်ရေး ထောက်ပံ့မှုများကို ပံ့ပိုးကာ အကျပ်အတည်းကို ပိုမို ပြင်းထန် ဆိုးရွားလာစေခဲ့ပါတယ်။ အမေရိကန် သမ္မတက မတ်လ ၁၆ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အမှာစာတမ်းအရ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်းအား အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိ လက်နက် ထောက်ပံ့ကူညီမှု ထပ်တစ်ကြိမ်ပေးမှာ ဖြစ်ပြီး အဲဒါတွေထဲမှာ စင်ဆင်ရေးလက်နက် အမြောက်အမြား ပါဝင်တယ်လို့ သိရပါတယ်။

အမေရိကန်က ယူကရိန်း ပြည်သူများကို တကယ် ဂရုပြုပါက လက်နက် မဟုတ်ဘဲ ငြိမ်းချမ်းရေးကိုသာ ပေးကမ်းသင့်တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။

Share this story on

Messenger Pinterest LinkedIn