မြန်မာဘာသာ

ဓာတ်ခွဲခန်းအတွင်းရှိ လုံးဝလျှို့ဝှက်သောဗိုင်းရပ်စ်

criPublished: 2022-03-22 17:14:08
Share
Share this with Close
Messenger Pinterest LinkedIn

“ရာသီအလိုက်ရွှေ့ပြောင်းသော ငှက်များမှတစ်ဆင့် ရောဂါဖြစ်ပွားစေနိုင်မှုမြင့်မားသော ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်များပျံ့နှံ့စေသည်” “လင်းနို့မှတစ်ဆင့် လူသားများအား ကူးစက်စေနိုင်သော ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်စသည့် ရောဂါပိုးများ”…… ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းဇီဝဓာတ်ခွဲခန်းဝန်ထမ်းများထံမှ ရရှိသော စာရွက်စာတမ်းများအား ဆက်တိုက် ထုတ်ပြန်လာသည်နှင့်အမျှ အမေရိကန်က ယူကရိန်း၌ဖော်ဆောင်သော လုံးဝလျှို့ဝှက်သည့် သုတေသနစီမံကိန်းများ တဖြည်းဖြည်း မျက်နှာဖုံးကွာကျလာပါတော့သည်။

အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က အရင်းအနှီးများစွာထည့်ဝင်၍ “လုံးဝထိန်းချုပ်ထားသည့်” ယူကရိန်းဓာတ်ခွဲခန်းအတွင်း၌ အင်္ဂလိပ်အက္ခရာနှင့် ကိန်းဂဏန်းများဖြင့်ဖွဲ့စည်းထားသည့် စီမံကိန်းကိုယ်စားပြုနံပါတ်များနောက်ကွယ်တွင် မည်သည့် လူသိမခံနိုင်သည့်လျှို့ဝှက်ချက်များရှိနေသနည်း။ ထိုကဲ့သို့အန္တရာယ်များသည့် ဇီဝဓာတ်ခွဲခန်းကို အဘယ်ကြောင့် အမေရိကန်၏ “ပြိုင်ဘက်” ဆိုသူများ၏ ဘေးဘက်တွင် အမြဲပေါ်ထွက်လာရသနည်း။

ပိုမိုထိတ်လန့်ဖွယ်ရာသက်သေများက တဖြည်းဖြည်းပေါ်ထွက်လာနေပါသည်။

Share this story on

Messenger Pinterest LinkedIn