မြန်မာဘာသာ

ကနေဒါနိုင်ငံခြားရေးဝန်ကြီး စကားပြောကြားရာ၌ ဆန္ဒပြသူတစ်ဦး၏ဖြတ်ပြောခြင်းခံရ - ခင်ဗျားက ကျုပ်တို့ကို တတိယကမ္ဘာစစ်ကြီးဆီတွန်းပို့နေဟုဆို

criPublished: 2022-03-22 17:16:57
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် ၂၁ ရက်နေ့တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly က Montréal နိုင်ငံတကာဆက်ဆံရေးကောင်စီ၌ ယူကရိန်းအခြေအနေနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားရာတွင် ပွဲရှိဆန္ဒပြသူတစ်ဦး၏ဖြတ်ပြောခြင်းခံခဲ့ရသည်။ ဆန္ဒပြသူက ကနေဒါသည် ယူကရိန်းထံသို့လက်နက်များထောက်ပံ့နေခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်၍ ယင်းသည်လက်ရှိအခြေအနေကို တစ်ဆင့်တိုးဆိုးရွားစေမည်ဟု ပြစ်တင်ခဲ့သည်။

ဆန္ဒပြသူ - ခင်ဗျားတို့ (လက်နက်ထောက်ပံ့တဲ့လုပ်ရပ်) က စစ်ပွဲကို တစ်ဆင့်တိုးအောင်လုပ်နေတာ။ (ယူကရိန်းဆီ) လက်နက်တွေပို့ဆောင်တာရပ်ပါတော့။ နေတိုးအဖွဲ့ကိုကန့်ကွက်တယ်။ စစ်ပွဲကိုကန့်ကွက်တယ်။ အရမ်းရှက်ဖို့ကောင်းတယ်။ ခင်ဗျားက ကျုပ်တို့ကို တတိယကမ္ဘာစစ်ကြီးဆီတွန်းပို့နေတာ။

ကနေဒါသည် ယူကရိန်းထံသို့ “သေစေနိုင်သည့်လက်နက်” ထောက်ပံ့ပေးသည့် အနောက်တိုင်းနိုင်ငံများထဲမှတစ်နိုင်ငံဖြစ်သည်။ “Rossiya Segodnya” ရုပ်မြင်သံကြား၏ တင်ဆက်မှုအရ ယနေ့တိုင် ကနေဒါက ယူကရိန်းထံသို့ ဒုံးကျည်လောင်ချာအခုရေ ၄၅၀၀ ၊ လက်ပစ်ဗုံးအလုံး ၇၅၀၀ ၊ တင့်ကားဖျက်လက်နက်လောင်ချာအခုရေ ၁၀၀ ၊ C-130J စစ်ဆင်ရေးလေယာဉ်နှစ်စင်းနှင့် အခြားပစ္စည်းများစသည်တို့ကို ပို့ဆောင်ပြီး သို့မဟုတ် ပို့ဆောင်နေဆဲဖြစ်သည်။

Share this story on

Messenger Pinterest LinkedIn