မြန်မာဘာသာ

လူမျိုးရေးခွဲခြားမှု၏ အပြစ်မျိုးဗီဇသည် အမေရိကန်၏သွေးထဲတွင် လည်ပတ်နေဆဲ ဖြစ်သည်

criPublished: 2022-03-22 17:10:45
Share
Share this with Close
Messenger Pinterest LinkedIn

အမေရိကန်သည် ကိုလိုနီခေတ်ကတည်းက လူမျိုးရေးခွဲခြားသည့် မူဝါဒများကို စနစ်တကျ အကောင်အထည်ဖော်ခဲ့သည်။ ယနေ့ခေတ်တွင် အမေရိကန်လူမှုဘဝ၏ ကဏ္ဍပေါင်းစုံတွင် တိုင်းရင်းသားလူမျိုးစုများအပေါ် ခွဲခြားဆက်ဆံခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ကြမ်းတမ်းစွာ ဆက်ဆံခြင်းခံရသည့် မရေမတွက်နိုင်သော ဥပမာများစွာ ရှိပါသည်။ လူမျိုးရေးခွဲခြားမှု၏ အပြစ်မျိုးဗီဇသည် အမေရိကန်၏ သွေးထဲတွင် လည်ပတ်နေဆဲဖြစ်ကြောင်း သက်ဆိုင်ရာဝေဖန်ရေးဆောင်းပါးတွင် ရေးသားဖေါ်ပြ ထားပါသည်။

၂၀၂၀ ပြည့်နှစ် မေလတွင် မင်နယ်စိုတာရဲတပ်ဖွဲ့၏ အကြမ်းဖက်ဥပဒေ ကျင့်သုံးမှုကြောင့် အာဖရိကအနွယ်ဖွား အမေရိကန်နိုင်ငံသား Floyd သေဆုံးခဲ့သည်။ မသေဆုံးမီ “အသက်မရှူနိုင်” ဟူသော ပြင်းပြင်းထန်ထန် အသနားခံချက်ကြောင့် လူအများ၏ ဒေါသကို မြင့်တက်စေခဲ့ပြီး လူမျိုးရေး ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများသည် အမေရိကန်တစ်နိုင်ငံလုံး၌ လွှမ်းမိုးခဲ့သည်။ "The Lancet" အစီရင်ခံစာ အရ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုကြောင့် လူ ၃၀၈၀၀ ခန့် သေဆုံးခဲ့ပြီး ၎င်းတို့အနက် ရဲများ၏ အကြမ်းဖက်မှု ကြောင့် အာဖရိကအနွယ်ဖွားအမေရိကန်နိုင်ငံသားများသည် လူဖြူများထက် သေဆုံးနိုင်ခြေ ၃.၅ ဆ ပိုများကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

Share this story on

Messenger Pinterest LinkedIn