မော်စကိုတရားရုံးက Meta အားအစွန်းရောက်အဖွဲ့အစည်းအဖြစ်ဆုံးဖြတ်သတ်မှတ်
ဒေသစံတော်ချိန် ၂၁ ရက်နေ့တွင် ရုရှားနိုင်ငံမော်စကိုမြို့ Tverskoi ဒေသတရားရုံးက Meta အား အစွန်းရောက်အဖွဲ့အစည်းအဖြစ်ဆုံးဖြတ်သတ်မှတ်ခဲ့သည်။ တရားရုံးက Facebook ၊ Instagram တို့နှင့်သက်ဆိုင်သည့် တားဆီးအမိန့်များကို ချက်ချင်းဖော်ဆောင်သင့်ကြောင်းလည်း တစ်ချိန်တည်းတွင်ကြေညာခဲ့သည်။
ယခုလ ၁၁ ရက်နေ့တွင် ရုရှားဖယ်ဒရေးရှင်း စုံစမ်းစစ်ဆေးရေးကော်မတီသည် Facebook ၏ ပင်မကုမ္ပဏီဖြစ်သော Meta က အချို့သောနိုင်ငံမှအသုံးပြုသူများကို “အချို့သောလေသံဖြင့်” ပို့စ်တင်ကာ ရုရှားလူမျိုးများအပေါ် အကြမ်းဖက်မှုဖော်ဆောင်ရေး တိုက်တွန်းမှုကို ခွင့်ပြုခြင်းအတွက် ရာဇဝတ်မှုဆိုင်ရာ အမှုဖွင့်ခဲ့ပြီးဖြစ်သည်။