အီရန်မှ ကန်ကို ခုခံတိုက်ခိုက်သောလမ်းကြောင်း မှန်ကန်သည်ဟု အီရန်အမြင့်ဆုံး ခေါင်းဆောင် Khamenei ဆို
ဒေသစံတော်ချိန် မတ်လ ၂၀ ရက်နေ့ညက အီရန်ရိုးရာနှစ်သစ်အခါသမယတွင် အီရန် အမြင့်ဆုံးခေါင်းဆောင် Khamenei က နှစ်သစ်မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။
ပြီးခဲ့သည့်နှစ်တစ်နှစ်တွင် နိုင်ငံတကာနိုင်ငံရေးဇာတ်ခုံပေါ်၌ အီရန်ရရှိခဲ့သော အရေးကြီး အောင်မြင်မှုမှာ အမေရိကန်အစိုးရက ၎င်းတို့မှ အီရန်အပေါ် အမြင့်ဆုံး ဖိအားပေးရာတွင် “ရှက်ဖွယ်သောအရှုံး” ကြုံခဲ့ရသည်ဟု ရှင်းလင်းပြတ်သားစွာ ဖော်ပြခြင်း ဖြစ်ကြောင်း၊ “ရှက်ဖွယ်သော” ဟူသည့် ပြောဆိုမှုကို အမေရိကန်သားကိုယ်တိုင်တင်ခဲ့ခြင်း ဖြစ်သော် လည်း အီရန်ပြည်သူ တစ်ရပ်လုံးမှ အမေရိကန်အား ကြံ့ခိုင်စွာ ခုခံတိုက်ခိုက်မှု၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က အီရန်နှင့် အနီး သို့မဟုတ် အဝေးနေရာများ၌ ဖြစ်ပွားခဲ့သော ကိစ္စအမျိုးမျိုးသည် အီရန်မှ အမေရိကန်ကို ခုခံတိုက်ခိုက်သောလမ်းကြောင်း မှန်ကန်သည်ဟု ဖော်ပြကြောင်း Khamenei က မိန့်ခွန်း၌ ပြောကြားခဲ့ပါသည်။