မြန်မာဘာသာ

Mariupol ရှိ ယူကရိန်းတပ်သားများသည် ယင်းမြို့မှ ထွက်ခွာမည်မဟုတ်ဟု ယူကရိန်းဒုဝန်ကြီးချုပ်က ပြောကြား

criPublished: 2022-03-21 10:45:46
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် ၂၁ ရက်နေ့တွင် ယူကရိန်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က Mariupol ရှိ ယူကရိန်းတပ်သားများသည် လက်နက်ချမည် မဟုတ်ကြောင်း၊ ယင်းမြို့မှလည်း ထွက်ခွာမည်မဟုတ်ကြောင်း၊ ယူကရိန်းသည် ယင်းဆုံးဖြတ်ချက်ကို ရုရှားသို့ အကြောင်းကြားခဲ့ကြောင်း ပြောကြားသည်။

ယင်းမတိုင်မီက ရုရှားနိုင်ငံ ကာကွယ်ရေးထိန်းချုပ်မှုစင်တာ အကြီးအကဲ Mikhail Mizintsev က ရုရှားစစ်တပ်သည် ၂၁ ရက်နေ့တွင် Mariupol ၌ လူသားချင်း စာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်မည်ဖြစ်ပြီး သတ်မှတ်ထားသောအချိန်အတွင်း ယူကရိန်းအမျိုးသားဝါဒီများကို ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း၊ သို့သော်လည်း မည်သည့် လက်နက်မျှ ယူဆောင်ခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Share this story on

Messenger Pinterest LinkedIn