မြန်မာဘာသာ

ယူကရိန်းရှိအမေရိကန်ဇီဝစစ်ရေးစီမံကိန်း၏ ကြောက်မက်ဖွယ်အသေးစိတ်များပေါ်ထွက်လာ

criPublished: 2022-03-20 13:11:07
Share
Share this with Close
Messenger Pinterest LinkedIn

ရုရှားဓါတ်ရောင်ခြည်၊ ဓာတုပစ္စည်းနှင့် ဇီဝကာကွယ်ရေးတပ်ဖွဲ့ ဦးစီးချုပ် Igor Kirillov သည် ၁၇ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကယူကရိန်းဇီဝဓာတ်ခွဲခန်းဝန်ထမ်းများထံမှရရှိသည့် စာရွက်စာတမ်းများအရအမေရိကန်နှင့်၎င်း၏ နေတိုးအဖွဲ့ မဟာမိတ်များသည် ယူကရိန်းပြည်တွင်း၌ ဇီဝစစ်ရေးစီမံကိန်းများဖော်ဆောင်လျက်ရှိသည်ဟုဆိုသည်။

Igor Kirillov က ၂၀၁၅ ခုနှစ် မတ်လ ၆ ရက်နေ့ရက်စွဲဖြင့်စာရွက်စာတမ်းတစ်ခုအားဖော်ပြခဲ့ပြီးအဆိုပါစာရွက်စာတမ်းပါ သက်ဆိုင်ရာလူပုဂ္ဂိုလ်များ၏လက်မှတ်နှင့် အဖွဲ့အစည်းအချို့၏ တံဆိပ်တုံးများကအမေရိကန်သည် ယူကရိန်းပြည်တွင်းရှိဇီဝစစ်ရေးစီမံကိန်းများတွင် တိုက်ရိုက်အရင်းအနှီးထည့်ဝင်ခဲ့ကြောင်းသက်သေထူနေသည်။

Igor Kirillov က အမေရိကန်သည် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ Kyiv ၊ Odessa ၊ Lviv နှင့် Kharkivရှိဓာတ်ခွဲခန်းပေါင်းများစွာအတွက် အရင်းအနှီးအမေရိကန်ဒေါ်လာ ၃၂ သန်းထောက်ပံ့ပေးခဲ့ကြောင်း၊ သက်ဆိုင်ရာဓာတ်ခွဲခန်းများသည် “UP-8” စီမံကိန်းဖော်ဆောင်ရန် ရွေးချယ်ခံရပြီးHantaဗိုင်းရပ်စ်၊ ခရိုင်းမီးယား-ကွန်ဂိုသွေးယိုရောဂါ (Hemorrhagic fever) နှင့် Leptospirosis ရောဂါ၏ ရောဂါပိုးများအားသုတေသနပြုလုပ်ကြောင်း၊ ၎င်းတို့အားသုတေသနပြုလုပ်ခြင်းသည် အဆိုပါရောဂါပိုးများက ရုရှား-ယူကရိန်းပြည်တွင်း၌ သဘာဝအားဖြင့်ပျံ့နှံ့နေပြီးအဆိုပါရောဂါပိုးများအသုံးပြုခြင်းသည် ရောဂါသဘာဝအလျောက် ဖြစ်ပွားသည်ဟုဖုံးကွယ်ထားနိုင်ခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။

Share this story on

Messenger Pinterest LinkedIn