မြန်မာဘာသာ

ကုလသမဂ္ဂ ပထမဆုံးအသုတ် အရေးပေါ်ကူညီရေးကားအဖွဲ့ Sumy သို့ရောက်ရှိပြီဖြစ်

criPublished: 2022-03-20 13:08:52
Share
Share this with Close
Messenger Pinterest LinkedIn

သောကြာနေ့တွင်ထုတ်ပြန်သည့်ကြေညာချက်၌ ကုလသမဂ္ဂ ယူကရိန်းအကျပ်အတည်းညှိနှိုင်းရေးမှူး Amin Awad က ကုလသမဂ္ဂနှင့် ၎င်း၏ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များသည် “အရှေ့မြောက်ပိုင်းမြို့ Sumy အားအရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်သောပထမဆုံးအသုတ် ကားအဖွဲ့ ပို့ဆောင်ပေးပြီးဖြစ်ကာယင်းသည် အဆိုပါနိုင်ငံကစစ်ပွဲကြောင့်ထိခိုက်မှု အဆိုးရွားဆုံးဒေသများထဲမှတစ်ခုဖြစ်သည်” ဟုဆိုသည်။

Amin Awad က ကားအဖွဲ့တွင် ဆေးကုသရေးပစ္စည်း၊ ရေပုလင်း၊ အသင့်စားအစားအစာနှင့် စည်သွပ်ဘူးစားသောက်ကုန်တို့အပါအဝင် အခြေခံကူညီရေးပစ္စည်းတန်ချိန် ၁၃၀ သယ်ဆောင်လာပြီးအဆိုပါပစ္စည်းများသည် ခန့်မှန်းခြေလူပေါင်း ၃၅၀၀၀ အားတိုက်ရိုက်ကူညီပေးနိုင်သည်ဟုဆိုသည်။

Share this story on

Messenger Pinterest LinkedIn