တွေ့ဆုံဆွေးနွေးရမည့်အချိန်ရောက်ပြီဟုဇယ်လန်းစကီးကထပ်မံပြောကြား
ယူကရိန်းသမ္မတဇယ်လန်းစကီးသည် ဒေသစံတော်ချိန် ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် လူမှုကွန်ရက်၌ ဗီဒီယိုလွှင့်တင်ခဲ့ပြီးရုရှားနှင့် ဆွေးနွေးရန် ထပ်မံတိုက်တွန်းခဲ့သည်။
ဇယ်လန်းစကီးကငြိမ်းချမ်းရေးနှင့် လုံခြုံရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်းသည် ရုရှား၏ ၎င်း၏ကိုယ်ပိုင် အမှားများကြောင့် ပျက်စီးဆုံးရုံးမှုများကိုလျှော့ချရန် တစ်ခုတည်းသောအခွင့်အရေးဖြစ်ကြောင်း၊ ယူကရိန်း၏ နယ်မြေတည်တံ့ပြည့်စုံမှုနှင့် တရားမျှတမှုကိုပြန်လည်ရရှိရန် ရုရှား-ယူကရိန်းနှစ်ဦးနှစ်ဖက်သည် တွေ့ဆုံ၍ ကူးလူးဖလှယ်သင့်ကြောင်း၊ သို့မဟုတ်ပါကရုရှား၏ နောင်လာနောင်သားများသည် ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ယူကရိန်းသမ္မတရုံးအတိုင်ပင်ခံMykhailoPodolyak က Bloomberg ၏ အင်တာဗျူးကိုဖြေကြားစဉ်၌ ရုရှားနှင့် စေ့စပ်ဆွေးနွေးမှုသည် ရက်သတ္တပတ်အချို့ ကြာနိုင်သည်ဟုပြောကြားခဲ့သည်။
စေ့စပ်ဆွေးနွေးမှုအတွက် ယူကရိန်း၏ ရပ်တည်ချက်မှာမပြောင်းလဲကြောင်း၊ ယင်းမှာအပစ်အခတ်ရပ်စဲရေး၊ တပ်ဖွဲ့များရုပ်သိမ်းရေးနှင့် လုံခြုံရေးအာမခံချက်ရှိသောတိကျသောအစီအစဉ်များပါဝင်ကြောင်း၊ ယင်းမတိုင်မီကလည်းMykhailoPodolyak က လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။