မြန်မာဘာသာ

ကန်၏ ထောက်ခံမှုဖြင့် ယူကရိန်းသည် ဇီဝလက်နက်အစိတ်အပိုင်းကို ထုတ်လုပ်ခဲ့ပြီဖြစ် သည်ဟု ရုရှားသမ္မတ ဆို

criPublished: 2022-03-17 15:40:56
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၁၆ရက်နေ့က ရုရှားသမ္မတ ပူတင် သည် ရုပ်မြင်သံကြား မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံမှ လမ်းညွှန်ပြီး ထောက်ပံ့သော ယူကရိန်း ဇီဝစမ်းသပ်ခန်းနှင့်ပတ်သက်၍ သမ္မတ ပူတင် က ယူကရိန်းနိုင်ငံသည် အမေရိကန် နိုင်ငံ၏ ထောက်ခံမှုဖြင့် ဇီဝလက်နက်အစိတ်အပိုင်းကို ထုတ်လုပ်ခဲ့ပြီဖြစ်သည်ဟု မိမိ ယူဆကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ ပူတင် က ယူကရိန်းနိုင်ငံတွင် စမ်းသပ်ခန်းများ ဖွဲ့စည်းသော ကွန်ရက်တစ်ခု ရှိကြောင်း၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ဘဏ္ဍာရေး ထောက်ပံ့မှုဖြင့် Coronavirus ၊ Anthrax ၊ Cholera နှင့် African Swine fever နမူနာများ စမ်းသပ်မှု အပါအဝင် စစ်ရေးဆိုင်ရာ ဇီဝစီမံကိန်းများကို ပြုလုပ်လျက်ရှိကြောင်း၊ ဇီဝ လက်နက်အစိတ်အပိုင်းကို ယူကရိန်းနှင့်ရုရှား နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ထုတ်လုပ်ခဲ့ပြီဖြစ် သည်ဟု မိမိတို့ အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

Share this story on

Messenger Pinterest LinkedIn