မြန်မာဘာသာ

ဒုက္ခသည်များအပေါ် စံချိန် ၂မျိုး ထားခြင်းသည် အနောက်နိုင်ငံများ၏ ဘဝင်မြင့်ခြင်းနှင့် တစ်ဖက်သတ် တစ်ယူသန်အမြင် ရှိခြင်းကို ပြသ

criPublished: 2022-03-17 15:43:29
Share
Share this with Close
Messenger Pinterest LinkedIn

ယခုလ ၁၅ ရက်နေ့သည် ဆီးရီးယား အကျပ်အတည်း ဖြစ်ပွားခဲ့သည့် ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။ လွန်ခဲ့သည့် ၁၁ နှစ် အတွင်း ဆီးရီးယားတွင် လူ ၃သိန်း၅သောင်းထက် မနည်း အသက်ဆုံးရှုံးပြီး ၁၂ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ကာ အရပ်သူ အရပ်သား ၁၄သန်းသည် လူသားချင်း စာနာထောက်မှုကို အရေးတကြီး လိုအပ်ကြောင်း မကြာခင်က ကုလသမဂ္ဂမှ ထုတ်ပြန်ခဲ့သော စာရင်းအရ သိရသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဘက်အသီးသီးတို့အား လက်တွေ့ ဆောင်ရွက်ပြီး နိုင်ငံရေး ဖြစ်စဉ်ကို အရှိန်မြှင့်ကာ ဆီးရီးယား ပြည်သူများ၏ ၁၁နှစ်ကြာ ဆင်းရဲဒုက္ခများကို အဆုံးသတ်ရန် ပန်ကြားသည်။

သို့သော် ၄င်းပန်ကြားချက်အပေါ် အနောက်နိုင်ငံများသည် လုံလောက်သည့် အာရုံစူးစိုက်မှုကို မရရှိပေ။ လက်ရှိအချိန်တွင် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ အာရုံစူးစိုက်မှုသည် ယူကရိန်း အပေါ် ထားရှိနေသည်။ မကြာခင် နှစ်များတွင် အနောက်နိုင်ငံများသည် ဆီးရီးယား စသည့် နိုင်ငံများမှ ဒုက္ခသည်များအား လက်ခံဖို့ ငြင်းဆိုရန်အတွက် ကြံဖန်၍ လုပ်ဆောင်ခဲ့သည်။ သို့သော် ယူကရိန်း ဒုက္ခသည်များအပေါ် အလွန်ကြီးမားသော စာနာခြင်းကို ဖော်ပြသည်။ အနောက်နိုင်ငံများမှ နိုင်ငံရေး သမားနှင့် မီဒီယာအချို့သည် ရုပ်သွင်၊ အသားရောင်နှင့် လူမျိုး စသည်များကို အဆုံးအဖြတ်ပြုသည့် စံချိန်များ အဖြစ် အသုံးပြုပြီး ယူကရိန်း ဒုက္ခသည်ကို အရှေ့အလယ်ပိုင်း၊ အာဖရိက ဒုက္ခသည်များနှင့် နှိုင်းယှဉ်ကာ ယူကရိန်း ဒုက္ခသည် ပိုမို မြင့်မားသည်ဟုတောင် ရိပ်ကာသီကာ ပြောဆိုသည်။

ယင်းပြောဆိုချက်မျိုးသည် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် လူမျိုးရေးဆိုင်ရာ တစ်ဖက်သတ် တစ်ယူသန်အမြင်နှင့် ဘဝင်မြင့်ခြင်းကို ပေါ်လွင်လာစေပြီး ဒုက္ခသည်များ အပေါ် စံချိန် ၂မျိုး ထားခြင်းနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ စံချိန်၂မျိုး ကျင့်သုံးခြင်း ဖြစ်ကာ အရှေ့အလယ်ပိုင်း ဒုက္ခသည်များ အပေါ် နောက်ထပ်အကြိမ် ထိခိုက်မှုလည်း ဖြစ်သည်။

12全文 2 下一页

Share this story on

Messenger Pinterest LinkedIn