မြန်မာဘာသာ

ရုရှား-ယူကရိန်း တင်းမာသောအခြေအနေ အမြန်ဆုံး လျော့ပါးရန် တရုတ်နိုင်ငံက အားဖြည့်ဆောင်ရွက်နေပြီး တရုတ်ရပ်တည်ချက်ကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုသော လုပ်ရပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု တရုတ်ဆို

criPublished: 2022-03-16 16:32:05
Share
Share this with Close
Messenger Pinterest LinkedIn

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယူကရိန်းအရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မြှင့်တင်ရန်နှင့် အခြေအနေအမြန်ဆုံး အေးချမ်းစေရန် တွန်းအားပေးနေပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို မဟုတ်မမှန် ပုတ်ခတ် ပြောဆိုသောလုပ်ရပ်များကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ၁၅ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျောက်လိကျန်းက ယူကရိန်းအရေးတွင် တရုတ်နိုင်ငံသည် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားပြီး ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ ရည်မှန်းချက်နှင့်မူများကို လိုက်နာရန် အမြဲ တိုက်တွန်းပါကြောင်း၊ ဘက်အသီးသီးအနေနှင့် အတတ်နိုင်ဆုံးချုပ်ထိန်းပြီး သာမန် အရပ်သူအရပ်သားများကို ကာကွယ်ကာ ကြီးမားသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို တားဆီးသင့်ကြောင်း၊ တရုတ်နိုင်ငံသည် ယူကရိန်းအား အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ပြီး ယင်းအတွက် မိမိ၏ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Share this story on

Messenger Pinterest LinkedIn