မြန်မာဘာသာ

အမေရိကန်၏ တစ်ကမ္ဘာလုံးရှိ ဇီဝ စစ်ရေး လှုပ်ရှားမှုများတွင် သံသယ များပြား

criPublished: 2022-03-16 16:29:55
Share
Share this with Close
Messenger Pinterest LinkedIn

မကြာခင်က အမေရိကန်နိုင်ငံဟာ ယူကရိန်း ပြည်တွင်းမှာ ထားရှိတဲ့ ဇီဝ စမ်းသပ်ခန်းများမှာ ဇီဝစမ်းသပ်မှု ပြုလုပ်ခြင်းကို ငြင်းဆိုခဲ့ပါတယ်။ နိုင်ငံတကာ မိသားစုကြီးက အဲဒါအပေါ် မယုံသင်္ကာမှုများ ဖြစ်နေကြောင်း ဖေါ်ပြကြပါတယ်။

အမှန်တော့ အမေရိကန်က တစ်ကမ္ဘာလုံးမှာ ဇီဝ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နေခြင်းဟာ လျှို့ဝှက်စရာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်များက ယူကရိန်း၊ တောင်ကိုရီးယား၊ ကာဇတ်စတန်၊ ဂျော်ဂျီယာ စတဲ့နိုင်ငံတွေမှာ အမေရိကန် တပ်ဖွဲ့ရဲ့ ဇီဝ စမ်းသပ်ခန်းမှ ဗိုင်းရပ်စ်ပိုးများ ယိုထွက်မှုကြောင့် သေကျေဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တောင်ကိုရီးယား တိုင်းရင်းသား နေ့စဉ်သတင်းစာ အပါအဝင် မီဒီယာများမှာ အမေရိကန်က တောင်ကိုးရီးယားမှာ ဂျူပီတာ စီမံကိန်းလို့ ခေါ်တဲ့ ဇီဝဓါတုလက်နက် သုတေသနပြုလုပ်မှုအကြောင်းကို ဖေါ်ပြခဲ့ဖူးပါတယ်။

အမေရိကန်က ရုရှားမှ ထုတ်ပြန်တဲ့ သတင်းဟာ သတင်းအတု ဖြစ်တယ်လို့ ပြစ်တင် ခဲ့ပေမယ့် ထင်ရှားတဲ့ အထောက်အထားကိုတော့ ပြနိုင်တာ မရှိဘူး။ ဒါနဲ့ အမေရိကန်က နိုင်ငံတကာ မိသားစုကြီးကို သူတို့ရဲ့ ယူကရိန်းမှာ ဇီဝ စမ်းသပ်မှုဟာ စစ်ရေး အတွက် မဟုတ်ဘူး ဆိုတာကို ဘယ်လို ယုံကြည် စေနိုင်မလဲလို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။

Share this story on

Messenger Pinterest LinkedIn