မြန်မာဘာသာ

ဥရောပကောင်စီမှ နုတ်ထွက်ရန် ရုရှားဆုံးဖြတ်

criPublished: 2022-03-16 16:33:29
Share
Share this with Close
Messenger Pinterest LinkedIn

ဥရောပကောင်စီမှ နုတ်ထွက်ရန် ရုရှား ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး လာဗှရော့ဗှအနေနှင့် သက်ဆိုင်ရာလျှောက်လွှာကို ဥရောပကောင်စီအထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ ပေးပို့ခဲ့ပြီဖြစ်ကြောင်း ဒေသစံတော်ချိန် ယမန်နေ့ ၁၅ ရက်နေ့က ရုရှားနိုင်ငံတော် အောက်လွှတ်တော် ဒုဥက္ကဋ္ဌ ပီတာ တိုလ်စတိုင်က ဆိုရှယ်မီဒီယာမှ ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

တိုလ်စတိုင်က ရုရှားနှင့် ဥရောပကောင်စီအကြား ဆွေးနွေးမှု ပျက်စီးခြင်း အပေါ် နေတိုးအဖွဲ့နိုင်ငံများ အနေနှင့် လုံးဝ တာဝန်ယူရမည် ဖြစ်ကြောင်း၊ ၄င်းတို့သည် လူ့အခွင့်အရေးကိုအကြောင်းပြု၍ မိမိတို့၏ ပထ၀ီနိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားကို လုပ်ဆောင်ပြီး ရုရှားအား ဖိနှိပ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ လက်ရှိအချိန်တွင် မကြုံစဖူးကြီးမားသော နိုင်ငံရေးနှင့် အရေးယူပိတ်ဆို့မှု ဆိုင်ရာ ဖိအားဒဏ်ကို ရင်ဆိုင်နေရခြင်းကြောင့် ရုရှားသည် ဥရောပကောင်စီထံသို့ အဖွဲ့ဝင်ကြေး ဆက်လက် ပေးဆောင်မည် မဟုတ်ကြောင်း ဆုံးဖြတ်သည်ဟု ဖော်ပြပါသည်။

Share this story on

Messenger Pinterest LinkedIn