မြန်မာဘာသာ

ယန်ကျယ်ချီသည် ယူကရိန်း အခြေအနေနှင့်ပတ်သက်၍ ရပ်တည်ချက်ကိုဖော်ပြ

criPublished: 2022-03-15 13:39:38
Share
Share this with Close
Messenger Pinterest LinkedIn

ဒေသစံတော်ချိန် မတ်လ ၁၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မတီရုံးဥက္ကဋ္ဌ ယန်ကျယ်ချီနှင့် အမေရိကန်သမ္မတ၏ နိုင်ငံတော်လုံခြုံရေး လက်ထောက် စပ်လစ်ဗန်သည် အီတလီနိုင်ငံရောမမြို့တွင် တွေ့ဆုံဆွေးနွေးပြီး ယူကရိန်း အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သဘောထား ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

ယန်ကျယ်ချီက တရုတ်နိုင်ငံသည် နိုင်ငံအသီးသီး၏ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားပြီး ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် ရည်မှန်းချက်နှင့်မူကို လိုက်နာပါကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန်ကို တွန်းအားပေးကာ နိုင်ငံတကာ မိသားစုကြီးသည် ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရန်ကို လက်တွဲ ထောက်ခံသင့်ကြောင်း၊ တရုတ်နိုင်ငံသည် ယူကရိန်းနိုင်ငံအား အရေးပေါ် လူသားချင်း စာနာထောက်ထားရေး ကူညီထောက်ပံ့မှု ပေးခဲ့ပြီဖြစ်ပြီး သက်ဆိုင်ရာ ကြိုးပမ်းမှုများကို ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

Share this story on

Messenger Pinterest LinkedIn